ကလေးငယ်များအတွက် ပျော်ရွှင်စရာဂိမ်းကစားနည်းများလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်

 Colgate Palmolive Myanmar ဟာ သွားနဲ့ခံတွင်းဆိုင်ရာ မှန်ကန်တဲ့အလေ့အကျင့်ကောင်းတွေကို လူတိုင်း သိရှိနိုင်ဖို့ အွန်လိုင်းမှတဆင့် သင်ကြားပို့ချခဲ့တယ်လို့ ဆိုပါတယ်။ 

       Colgate Myanmar ဟာ ၂၀၁၃ ခုနှစ်က စတင်ပြီး နိုင်ငံတဝှမ်းက ကျောင်းတွေမှာ သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာပေးအစီအစဉ်တွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ Colgate Myanmar အနေနဲ့ လူတိုင်းကို အကောင်းဆုံး အပြုံးနဲ့ရှေ့ဆက်နိုင်ဖို့ ခံတွင်းကျန်းမာရေးဆိုင်ရာ သိကောင်းစရာ အချက်အလက်နှင့် ဗဟုသုတ လက်ဆင့်ကမ်းဝေငှမှုများအား ကမ္ဘာနှင့်တစ်ဝှမ်းလုံးမှာ လုပ်ဆောင်နေပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ 




       ၂၀၂၁ ခုနှစ်မှာတော့ ကလေးငယ်များ ငယ်ရွယ်စဉ်ကစပြီး ကျန်းမာကြံ့ခိုင်တဲ့အပြုံးတွေ ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ "ကြံ့ခိုင်တဲ့ မြန်မာ ၊ ကြံ့ခိုင်တဲ့ အပြုံး" ဆိုပြီး သွားနှင့်ခံတွင်းဆိုင်ရာ ပညာပေးအစီအစဉ်တစ်ခုကို ပန်းပျိုးလက်ဘုန်းတော်ကြီးပညာရေးပရဟိတကျောင်းမှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

       “ကလေးတွေအနေနဲ့ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်သစ်တွေ ဖန်တီးတာပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူတွေဆီက အသိပညာအသစ်တွေ လေ့လာသင်ယူတာပဲဖြစ်ဖြစ်၊ ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာတွေကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့က အမြဲအဆင်သင့်ရှိပါတယ်။” ဟု ဒေါက်တာဇော်ဖြိုးဝေက ဖြည့်စွက်ပြောကြားခဲ့ပါသည်။



       ဒီအစီအစဉ်မှာ သွားနှင့်ခံတွင်းဆိုင်ရာ ပညာပေးအစီအစဉ်တွေအပြင် ကလေးငယ်များအတွက် ပျော်ရွှင်စရာဂိမ်းကစားနည်းများ ၊ အမေးအဖြေများနဲ့ ကလေးတို့အတွက် သွားတိုက်ဆေး ၊ သွားတိုက်တံများ မျှဝေပေးမယ့် အစီအစဉ်တွေလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် (http://www.brightsmilebrightfuture.com/) လင့်ခ်လေးမှာ Quiz လေးတွေ ဝင်ဖြေရုံနဲ့ Mercury Online Shop မှာ ကျပ် ၁၀၀၀၀ ဖိုး ဝယ်ရုံနဲ့ ၃၀၀၀ ကျပ် လျှော့ဈေးရမယ့် အစီအစဉ်လည်း လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

        အစီအစဉ် အသေးစိတ်နဲ့ လုပ်ဆောင်ရမယ့် အချက်အလက်တွေကို Colgate Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/ColgateMyanmar မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


ယခုသတင်းဆောင်းပါးကို Colgate Palmolive Myanmar မှ ကူညီပံ့ပိုးထားပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က