၂၀၁၇ ခုနှစ်ဟာ Battle Royale ဂိမ်းတွေရဲ့နှစ်လို့ဆိုနိုင်မှာဖြစ်ပြီး ၂၀၁၉ နှစ်ဆန်းကာလကတော့ Auto Chess ရဲ့နှစ်လို့ဆိုရမှာပါ။

    ၂၀၁၇ ခုနှစ်ဟာ Battle Royale ဂိမ်းတွေရဲ့နှစ်လို့ဆိုနိုင်မှာဖြစ်ပြီး ၂၀၁၉ နှစ်ဆန်းကာလကတော့ Auto Chess ရဲ့နှစ်လို့ဆိုရမှာပါ။


၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ Dota2 Custom ဂိမ်းတစ်ခုအဖြစ်ထုတ်ပေးခဲ့တဲ့ Dota Auto Chess ဟာ မထင်မှတ်ထားလောက်အောင်ကို ကစားသမားပမာဏများပြားခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ Dota2 မှာ ပုံမှန်ဆော့နေကျ Game Mode တွေကိုပျင်းရိလာသူတွေအတွက် ခေတ္တအပျော်ရှာနိုင်မယ့် Custom Game တွေကို ထည့်သွင်းပေးထားတာဖြစ်ပြီး Auto Chess ကတော့ ပထမဦးဆုံး ဝက်ဝက်ကွဲအောင်မြင်တဲ့ Custom Game ပဲဖြစ်ပါတယ်။



         Dota Auto Chess ရဲ့အောင်မြင်မှုဟာ Custom Game အဖြစ်နဲ့တင်ရပ်မသွားခဲ့ပါဘူး။ ဂိမ်းဖန်တီးသူတွေဖြစ်တဲ့ Drodo Studio က သူတို့ကိုယ်ပိုင် Auto Chess ဂိမ်းကို Mobile ပလက်ဖောင်းမှာ ထုတ်ပေးလိုက်တဲ့အပြင် Valve ကိုပါ Dota2 Theme နဲ့ Auto Chess ဂိမ်းအသစ်တစ်ခုဖြစ်တဲ့ Dota Underlords ထုတ်လုပ်ခွင့်ကိုပါ ရောင်းချခဲ့ပါတယ်။


Dota Auto Chess ဟာ League of Legends ကစားသမားတွေပါ Dota2 ထဲလာရောက်ပြီး ဆော့ကစားရအောင်ကို MOBA ကစားသမားတွေအကြားမှာ တော်တော်ကြီးကိုရေပန်းစားခဲ့တဲ့ဂိမ်းဖြစ်ပြီး နောက်ပိုင်းမှာ League of Legends က သူတို့ရဲ့ကိုယ်ပိုင် Auto Chess ဂိမ်းဖြစ်တဲ့ Teamfight Tactics ကိုထုတ်ပေးခဲ့ရတဲ့အထိပါပဲ။


         အခုပြောချင်တာကတော့ Drodo Studio က တိုက်ရိုက်ထုတ်တဲ့ Auto Chess အကြောင်းပါ။ Auto Chess ကို Mobile ပလက်ဖောင်းတစ်မျိုးတည်းအတွက် ထုတ်ပေးခဲ့ရာမှာ အခုတစ်ခါမှာတော့ Console ဘက်ကိုရောက်လာတော့မှာပဲဖြစ်ပါတယ်။ Console ဆိုပေမယ့် PS4 နဲ့ Nintendo Switch နှစ်မျိုးတည်းမှာသာ လောလောဆယ်အတည်ပြုထားပြီး မိုက်ကရိုဆော့ဖ်ရဲ့ Xbox အပါအဝင် အခြားစက်တွေအတွက်ကတော့ တိတိပပ မသိရသေးပါဘူး။


Auto Chess ဂိမ်းတွေဟာ PC နဲ့ Mobile ပလက်ဖောင်းနှစ်ခုမှာ ပရိသတ်အခိုင်အမာရရှိထားပေမယ့် Console ပလက်ဖောင်းမှာတော့ လုံးဝမရှိသေးပါဘူး။ ဒါကိုမြင်နေတဲ့ Drodo Studio ကတော့ သူတို့ဖန်တီးခဲ့တဲ့ဂိမ်းကို ကိုယ်တိုင်ကိုယ်ကျ Console ပေါ်ကို ပထမဦးဆုံးအနေနဲ့ အရောက်ပို့နေတာပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ Console မှာဖြန့်ချိဖို့လျာထားတယ်လို့ သိရပါတယ်။

         League of Legends ရဲ့ Auto Chess ဂိမ်းဖြစ်တဲ့ Teamfight Tactics ဟာ လစဉ်ကစားသူပေါင်း ၃၃ သန်းကျော်ရှိပြီး Auto Chess Mobile ဟာလည်း လစဉ်ကစားသူပေါင်းဟာ သန်းဂဏန်းတော်တော်များများရှိတယ်လို့ သိရပါတယ်။ Drodo Studio ရဲ့ Console ကိုသွားတဲ့ခြေလှမ်းအသစ်ဟာ Mobile မှာလိုအောင်မြင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က