နောက်ဆုံးပေါ် 10th gen Intel core i7 processor သုံးထားပါတယ်။

ပေါ့ပေါ့ပါးပါး သယ်သွားနိုင်ပြီး အမြင့်စား စွမ်းဆောင်ရည်ကောင်း လက်ပ်တော့တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ Brand New လက်ပ်တော့သစ်လေးကတော့ MSI Prestige 14 ပါပဲ။

MSI Prestige 14 ဟာ နာမည်အတိုင်း ၁၄ လက်မ မော်ဒယ်ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ နောက်ဆုံးပေါ် 10th gen Intel core i7 processor သုံးထားပါတယ်။content creator တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ စွမ်းရည်မြင့်မားတဲ့ Intel Comet Lake-U စီးရီး hexa-core Core i7-10710 U processor ပါလာပါတယ်။

Photo: MSI


multi-core performance မှာ Core i7-10710U processor ဟာ Intel ရဲ့ Whiskey Lake စီးရီးထက် စွမ်းဆောင်ရည် ၅၀ %ပိုကောင်းမယ်လို့ ဆိုပါတယ်။ ဒီနောက်ဆုံးပေါ် processor နဲ့အတူ Nvidia Geforce GTX 1650 (Max Q GPU) သုံးထားပါတယ်။ GTX 1650 GPU သုံးထားတဲ့ လက်ပ်တော့တွေထဲမှာ အပါးဆုံး ၁၄ လက်မလည်း ဖြစ်ပါတယ်။

display အနေနဲ့ full HD IPS level display သုံးထားပြီး sRGB ကာလာစံကို ၁၀၀ % နီးပါး ရအောင် လုပ်ထားပြီး MSI ကနေ အထူးထုတ်ထားတဲ့ Exclusive Color နည်းပညာကြောင့် အပြင်မှာ တကယ်မြင်ရတဲ့ မြင်ကွင်းအတိုင်း သဘာဝကျကျ တိကျမှုရှိတဲ့ အရောင်အသွေး ရရှိစေမယ်လို့လည်း ဆိုပါတယ်။

MSI Prestige 14 ဟာ ၂.၈၄ ပေါင်ခန့် လေးပြီး ၀.၆၃ လက်မပဲ ထူတဲ့ Ultra-light/Ultra-Slim လက်ပ်တော့ အမျိုးအစား ဖြစ်ပြီး Super Battery Mode မှာ ဘက်ထရီကို ၁၀ နာရီအထိ အသုံးခံမှာပါ။ အရောင်နဲ့ ဒီဇိုင်းဟာ Prestige 15 လိုမျိုး carbon grey ကာလာနဲ့ လာပြီး galaxy blue trim လေးနဲ့ အနားကွပ်ထားပါတယ်။

Photo: anandtech

အကြမ်းခံမှုမှာ အမေရိကန်စစ်တပ်ရဲ့ အကြမ်းခံမှု Military Grade standard build quality မှီပြီး ၁၈၀ ဒီဂရီ အထိ ချိုးလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ RAM အနေနဲ့ DDR3 16GB နဲ့ M.2 Nvme 512GB SSD storage အသုံးပြုထားပါတယ်။

MSI ဟာ Prestige series တွေကို content creators တွေနဲ့ ဖန်တီးမှုဘက် အားသန်တဲ့ users တွေအတွက် ဦးစားပေးထုတ်ထားတာပါ။ Prestige 14 မှာလည်း CPU နဲ့ GPU ပိုင်းကို လိုသလို အဆင့်မြှင့်လို့ရနိုင်တဲ့ Creator Center ဆော့ဖ်ဝဲလ်လည်း ထည့်ပေးထားပါတယ်။

MSI Prestige 14 ကာဗွန်မှိုင်းမော်ဒယ်ကို ၁၂၉၉ ဒေါ်လာ ( မြန်မာငွေ ၁၉ သိန်းကျော်) ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။


ယခုဆောင်းပါးကို MSI Myanmar မှ ကူညီပံ့ပိုး‌‌‌‌ပေးထားပါသည်။

Share

Loading Next Article...
က္က