အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသမယ့် ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ကားကြီးက Copy ကား မဟုတ်ကြောင်း မေဘရဏီသော်က ပြောပါတယ်။ ဒီဇာတ်ကားမှာ သူမကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ အမှတ်တရတွေ ပြောပြခဲ့ပါသေးတယ်။
Photo: May Barani Thaw
‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို Copy ကူးထားတာ ဆိုပြီးတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီ ဇာတ်ကားဟာ Copy ကူးထားတဲ့ ဇာတ်ကား မဟုတ်ဘူးဆိုတာကိုလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ မေဘရဏီသော်က Duwun Media ကနေ ပြောပြလာပါတယ်။
‘’ ဒီဇာတ်ကား ပိုစတာထွက်လာတဲ့အချိန်မှာ တချို့က Copy ဆိုပြီးတော့ ပြောကြတယ်။ မေသော့်အနေနဲ့ကတော့ Copy ဟုတ်လား မဟုတ်လားဆိုတာ အချိန်အတိုင်းအတာ တစ်ခုကိုတော့ စောင့်ကြည့်စေချင်တယ်။ ကိုယ့်အနေနဲ့ ရုပ်ရှင်ရုံထဲမှာ အချိန်အနည်းငယ်လေး ပေးလိုက်ယုံနဲ့ ကိုယ့်ရဲ့ သံသယတွေ ကင်းသွားလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ပဲ ဓာတ်ပုံလေးတစ်ပုံကို ကြည့်ပြီးတော့ Copy ဆိုပြီးတော့ သတ်မှတ်တာကတော့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ၊ ပရိုဂျူဆာတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ထိခိုက်တယ်လို့ ခံစားရတယ်။ ဇာတ်ကားတစ်ခုလုံးကို ကြည့်ပြီးတော့မှ ဆုံးဖြတ်စေချင်တယ်’’ လို့ သူကဆိုပါတယ်။
Photo: May Barani Thaw
ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်တိုဘာလ ၁၇ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အခမ်းနားဆုံး မေတ္တာ ရုပ်ရှင်ကားကြီး ရိုက်ကွင်းမှာ အမှတ်တရတွေရှိခဲ့တဲ့ ဇာတ်ဝင်ခန်းကတော့ မြင်းစီးရတဲ့ ဇာတ်ဝင်ခန်းပါတဲ့။ မြင်းစီး တဲ့ အတွေ့အကြုံတွေကိုလည်း မေဘရဏီသော်က မျှဝေခဲ့ပါသေးတယ်။
‘’မေသော်အရင်နှစ်တုန်းက မြင်းစစီးတဲ့အချိန်မှာ မြင်းပေါ်က ပြုတ်ကျဖူးတယ်။ ဒါပေမယ့် အနာတရမဖြစ်ပါဘူး အရမ်းကို Safty ဖြစ်တဲ့အတွက် အောက်ကိုပြုတ်ကျတာတောင်မှ ကိုယ့်အတွက် အန္တရာယ်မရှိခဲ့ပါဘူး။ အဲဒီဟာလေးက မေသော့်အတွက် အမှတ်တရလေးပေါ့။ နောက်တစ်ခုက ‘’လှေအစီး မြင်းအတက်’’ဆိုတဲ့ စကားပုံရှိတယ်လေ။ အဲဒါကြောင့် မြင်းပေါ်တက်ရမှာကို အရမ်းကြောက်တာ အဲဒါလေးတွေက ကိုယ့်အတွက် အမှတ်တရလေးတွေပေါ့’’ လို့ ဆိုပါတယ်။
Photo: May Barani Thaw
‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ကားကြီးထဲမှာတော့ မေဘရဏီသော်က နေတိုးရဲ့ ချစ်သူတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ရတာပါ။ နေတိုး အပေါ် သူမ တွေ့မြင်လိုက်ရတဲ့ ထူးချွန်မှုတွေကိုလည်း ပြောပြာခဲ့ပါသေးတယ်။
‘’ မေသော်ဆိုရင် ကိုယ်မကျွမ်းကျင်တဲ့ မြင်းတစ်ကောင်ကို ဒီအတိုင်း တက်စီးဖို့ဆိုတာ မေသော့်အတွက် ခက်ခဲတယ်။ ကိုနေတိုးကျတော့ အဲဒီလိုမဟုတ်ဘူး။ တစ်ခါမှလည်း ဒီမြင်းအပေါ်ကို မစီးဖူးဘူး၊ သူနဲ့လည်း မသိဘူး။ ဒါပေမယ့် သတ္တဝါတစ်ကောင်ရဲ့ အကြောကို သူအရမ်းသိတယ်ပေါ့နော်။ တက်လိုက်ပြီဆိုတာနဲ့ တကယ့်ကို Professional တစ်ယောက်လိုပဲ စီးနိုင်တယ်။ ဒါလေးကတော့ သူ တော်တဲ့ အကွက်လေးတွေပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့က ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုုခဲ့တာပါ။
Photo: May Barani Thaw
မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အလှမယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ သူမှာ အခုနောက်ပိုင်း အနုပညာအလုပ်တွေလည်း လုပ်ကိုင်လို့နေပါတယ်။
Share