တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပုံရတဲ့ ဒုံးကျည်တွေကို ပင်လယ်ပြင်ထဲသို့ ပစ်လွှတ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ရုန်းကန်ကြိုပမ်းနေရစဥ် မြောက်ကိုရီးယားက ယနေ့ (မတ်လ ၂၉ ရက်) ဒုံးကျည်နှစ်စင်း ထပ်မံ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

(၂၀၁၉ ခုနှစ်အတွင်း မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုတစ်ခု) (Photo: Reuters)

တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပုံရတဲ့ ဒုံးကျည်နှစ်စင်းကို ပင်လယ်ဆိပ်ကမ်းမြို့ ဝန်ဆန်မှ အရှေ့ဘက်သို့ ဦးတည်ပစ်လွှတ်ခဲ့ပြီး အကွာအဝေး ၁၄၃ မိုင်နဲ့ အမြင့် ၁၉ မိုင်သို့ရောက်ရှိခဲ့တယ်လို့ South Korea's Joint Chiefs of Staff က ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားက ယခုလအတွင်း ဒုတိယအကြိမ် ဒုံးကျည်စမ်းသပ်ခဲ့တာလည်းဖြစ်ပြီး နှစ်ကြိမ်ပေါင်း ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ပါတယ်။



"တစ်ကမ္ဘာလုံးက COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် အခက်အခဲတွေရှိနေချိန်မှာ မြောက်ကိုရီးယားက ဒီလို စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်မှုဟာ အလွန်ကို မသင့်လျော်တာပဲ" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ပဲ့ထိန်းဒုံးကျည်နဲ့တူတဲ့ ဒုံးကျည်တွေဟာ ဂျပန်ရေပိုင်နက် သို့မဟုတ် နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ခြင်းမရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

(ကင်မ်ဂျုံအန်နှင့် စစ်ဘက်အရာရှိများ) (Photo: Reuters)

မြောက်ကိုရီးယားဟာ မတ်လ ၂ ရက်နေ့ကလည်း တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။ အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံမှာ ယနေ့ မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၉,၅၈၃ ဦးနဲ့ သေဆုံးသူ ၁၅၂ ဦးရှိခဲ့ပေမဲ့ မြောက်ကိုရီးယားမှာတော့ ကူးစက်မှုစစ်ဆေးတွေ့ရှိရကြောင်း တရားဝင် ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ မြောက်ကိုရီးယားက ဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေးအတွက် နယ်စပ်ပိတ်ပင်မှုနဲ့ ခရီးသွားဝင်ရောက်မှုတွေကို ပိတ်ပင်ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

Source: AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က