အီရန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့သူနှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။

အီရန်နိုင်ငံမှာ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူနှစ်ဦး သေဆုံးသွားခဲ့ကြောင်းနဲ့ ၎င်းတို့ဟာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့သူတွေလည်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁၀ ဦးအထိ ရှိလာခဲ့ပါတယ်



(Photo: AFP)

ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) က အီရန်မှာ သေဆုံးခဲ့သူနှစ်ဦးဟာ သက်ကြီးရွယ်အိုတွေဖြစ်ကြပြီး အရှေ့အလယ်ပိုင်းဒေသမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုလည်းဖြစ်လာပါတယ်။ အီရန်မှာ သေဆုံးခဲ့သူနှစ်ဦးနဲ့ ဂျပန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ နှစ်ဦး အ

ပါအဝင် တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁၀ ဦးအထိ ရှိလာခဲ့ပါတယ်။

အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတုန်းမှာ အသက်အရွယ်ကြီးတာနဲ့ သူတို့ရဲ့ ကိုယ်ခံအားနည်းတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးသွားခဲ့ကြပါတယ်

အစိုးရရုပ်မြင်သံကြားဌာနရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ YJC သတင်းဌာနရဲ့ အဆိုအရ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူနှစ်ဦးဟာ အီရန်န်နိုင်ငံသားများဖြစ်ပြီး ဘာသာရေးမြို့ Qom မှဖြစ်တယ်လို့ သိရပါတယ်။ အီရန်မြို့တော် တီဟီရန်မြို့တောင်ဘက်ရှိ Qom မြို့မှာနေထိုင်ကြပြီး ကိုယ်ခံအားစနစ်ပြဿနာရှိတဲ့ သက်ကြီးရွယ်အိုနှစ်ဦးထံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Kianoush Jahanpour ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန IRNA က ပြောပါတယ်။

(Photo: Reuters)

"Qom မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ယောက် စစ်ဆေးတွေ့ရှိခဲ့ပါတယ်၊ ကံကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်လုံးကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတုန်းမှာ အသက်အရွယ်ကြီးတာနဲ့ သူတို့ရဲ့ ကိုယ်ခံအားနည်းတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးသွားခဲ့ကြပါတယ်" လို့ Kianoush Jahanpour က ပြောကြားကြောင်း IRNA က ဖော်ပြပါတယ်။ IRNA က Kianoush Jahanpour ကို ကိုးကားပြီး အစောပိုင်း သတင်းဖော်ပြမှုအရ အီရန်မှာ COVID-19 ကူးစက်ခံရသူနှစ်ဦး စစ်ဆေးအတည်ပြုထားပြီး COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အခြား သံသယရှိသူတွေကို သီးသန့်ခွဲထားတယ်လို့ သိရပါတယ်။

(Photo: AFP)

"ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ယောက်လုံးက Qom မြို့မှာနေထိုင်ကြသူတွေပါ၊ သူတို့က သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်၊ နှစ်ယောက်လုံး ကွယ်လွန်သွားကြပါတယ်" လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ မီဒီယာအကြံပေးပုဂ္ဂိုလ် Alireza Vahabzadeh ရဲ့ ပြောကြားမှုကိုလည်း IRNA က ဖော်ပြထားကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူနှစ်ဦး နေထိုင်ကြတဲ့ Qom မြို့ဟာ အစ္စလာမ်မစ်ကျောင်းတွေရှိပြီး အီရန်နဲ့ အခြားနိုင်ငံများမှ ဘာသာရေးစာပေသင်ကြားလိုသူတွေကို ပညာသင်ဆုများ ပေးအပ်လေ့ရှိပါတယ်။

ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၀ ရက် မနက်ပိုင်းအထိ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၂,၁၁၈ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၂ ဦး၊ ဟောင်ကောင်မှာ

၂ ဦး၊ အီရန်မှာ ၂ ဦး၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၁၂၈ ဦးရှိလာပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက် ၇၅,၇၂၅ ဦးအထိ မြင့်တက်လာပါတယ်

(Photo: EPA)

ဖေဖေါ်ဝါရီ ၂၀ ရက် မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ၇၄,၅၇၆ ဦး အပါအဝင် ၇၅,၇၂၅ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၁၆,၃၅၃ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။

COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။

Share

Loading Next Article...
က္က