ဒေသစံ‌တော်ချိန် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် စပိန်တစ်နိုင်ငံလုံးနီးပါးကို ၁၅ ရက်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်မှု အစီအစဥ်ကို အစိုးရက ဒေသစံ‌တော်ချိန် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှစပြီး သက်ရောက်စေမယ်လို့ ဆိုပါတယ်။

(Photo: AP)

အစိုးရက ထုတ်ပြန်သွားမယ့် အမိန့်ဒီကရီအရ စပိန်ပြည်သူတွေကို အရေးပေါ်ကိစ္စများ၊ အစားအစာဝယ်ရန်နဲ့ အလုပ်အတွက်သာ အိမ်ပြင်ထွက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ မတ်လ ၁၄ ရက် ညပိုင်းအထိ စာရင်းတွေအရ စပိန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆,၀၄၆ ဦးနဲ့ သေဆုံးသူ ၁၉၁ ဦးအထိ သိသာစွာ မြင့်တက်လာခဲ့ရာ ဥရောပမှာ အီတလီပြီးလျှင် အဆိုးရွားဆုံး အခြေအနေ ကြုံတွေ့နေရတဲ့နိုင်ငံ ဖြစ်နေပါတယ်။



မတ်လ ၁၀ ရက်နေ့မှစပြီး တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ထားတဲ့ အီတလီမှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇,၆၆၀ ဦးနဲ့ သေဆုံးသူ ၁,၂၆၆ ဦးအထိ မြင့်တက်ခဲ့ပါတယ်။ ထိုအတောအတွင်း အခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ အစရှိတဲ့ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ ဆက်စပ်သတင်းအရ ပြင်သစ်မှာလည်း မရှိမဖြစ် မဟုတ်တဲ့ အများပြည်သူဆိုင်ရာ နေရာတွကို ပိတ်ပင်ထားမယ်လို့ သိရပါတယ်။



(P

h

oto: Juan Carlos Cardenas/EPA)

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် အရေးပေါ်အခြေအနေလည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် မတ်လ ၁၄ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၅,၆၀၆ ဦးနဲ့ ကူးစက်ခံရသူ ၁၄၇,၈၅၀ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာသွားသူ ၇၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။

Sou

r

ce: The Guardian, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က