အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်နိုင်မယ့် COVID-19 Privacy bill သစ် ရေးဆွဲဖို့ ကုန်သွယ်ရေး ၊ သိပ္ပံနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆီးနိတ်ကော်မတီမှ အမေရိကန်လွှတ်တော်အမတ်များက အဆိုပြုထားပါတယ်။
အမေရိကန်နိုင်ငံအတွင်း COVID-19 Lockdown ချထားခြင်းများ ဖြည်းဖြည်းချင်း ပြန်ခွင့်ပြုလာမှုနဲ့အတူ လွှတ်တော်အမတ်တစ်ချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိသူရှိသူနဲ့ ထိတွေ့မှု မှတ်တမ်းပြုနိုင်မယ့် COVID-19 tracing app တွေအတွက် ကိုယ်ရေးအချက်အလက် ကန့်သတ်ထိန်းချုပ်မှု လုပ်ဆောင်ဖို့ ကြိုးစားလာတာပါ။
အမေရိကန်လွှတ်တော််််််အမတ် ရော််ဂျာဝစ်ကာ (Photo: Yahoo Finance)
လွှတ်တော်အမတ်တွေ ဖြစ်တဲ့ မာရှာဘလက်ဘန်း ၊ ဂျယ်ရီ မိုရန် ၊ ဂျွန်သွန်း နဲ့ ရော်ဂျာဝစ်ကာတို့ဟာ COVID-19 Consumer Data Protection Act ဆိုတဲ့ ဥပဒေကြမ်းတစ်ရပ် ရေးဆွဲဖို့ စီစဉ်နေတယ်လို့ iMore သတင်းက ဖော်ပြထားပါတယ်။ ဧပြီ ၃၀ ရက်နေ့က ကော်မတီရဲ့ ထုတ်ပြချက်အရ ကုန်သွယ်ရေး ၊ သိပ္ပံ နှင့် သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့မှာ ဥက္ကဌအဖြစ် ရော်ဂျာဝစ်ကာက တာဝန်ယူပြီး သတင်းအချက်အလက် ၊ နည်းပညာ ၊ တီထွင်ဆန်းသစ်မှုနဲ့ အင်တာနက် ဆပ်ကော်မတီရဲ့ ဥက္ကဌအဖြစ် ဂျွန်သွန်းက တာဝန်ယူမယ်လို့ ဆိုပါတယ်။
စားသုံးသူ အချက်အလက်ကာကွယ်ရေး ၊ ထုတ်ကုန်ဘေးကင်းမှု ၊ အာမခံနဲ့ အချက်အလက် လုံခြုံရေး ဆပ်ကော်မတီဥက္ကဌ ဂျယ်ရီမိုရန် နဲ့ မာရှာဘလက်ဘန်းတို့ဟာ COVID-19 စားသုံးသူအချက်အလက် ကာကွယ်ရေးအက်ဥပဒေကို ရေးဆွဲဖို့ စီစဉ်နေကြောင်း ကြေညာပါတယ်။ ဒီဥပဒေဟာ အမေရိကန်နိုင်ငံသားတွေရဲ့ တစ်ဦးချင်း ကျန်းမာရေး ၊ ရောက်ရှိတဲ့ တည်နေရာနဲ့ တည်နေရာအခြေပြု အချက်အလက်များ ရယူစုဆောင်း အသုံးပြုခြင်းအပေါ် ပွင့်လင်းမြင်သာမှု ၊ ရွေးချယ်မှုနဲ့ ထိန်းချုပ်မှု ပိုရရှိစေအောင် ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။
ဥပဒေမှာ COVID-19 ကပ်ဘေး တိုက်ဖျက်ရာမှာ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အချက်အလက် သုံးစွဲမှုအပေါ် တာဝန်ယူစေမှာပါ။ အချက်အလက် ပွင့်လင်းမြင်သာမှု တိုင်းတာရာမှာ အချက်အလက်တွေ ဘယ်နေရာက ယူနေတယ် ၊ ဘယ်လို ထိန်းသိမ်းချုပ်ကိုင်ထားတယ် နဲ့ ဘယ်လောက်ကြာအောင် ယူထားမယ်ဆိုတာမျိုး ဖြေရှင်းချက်တွေ တောင်းမှာပါ။
ကုမ္ပဏီတွေအနေနဲ့ အချက်အလက် ကောက်ခံမှုနဲ့ ပတ်သက်ပြီး Transparency Reports များလည်း ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ သီအိုရီအရ ဒီဥပဒေဟာ Apple ၊ Google နဲ့ အစိုးရအေဂျင်စီများကို ဖြစ်သင့်တာထက် ပိုပြီး အချက်အလက်တွေ ပိုမိုကောက်ခံမှုကနေ ကာကွယ်ဖို့ လုပ်တာ ဖြစ်ပြီး ဈေးကွက်ရှာသူတွေအတွက် နဲ့ အချက်အလက် အလွဲသုံးသူတွေလက်ကနေ တားဆီးဖို့ လုပ်ဆောင်တာပါ။
တစ်ဖက်မှာလည်း privacy အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခု ဖြစ်တဲ့ Public Knowledge ကလည်း ဒီဥပဒေနဲ့ မလုံလောက်ဘဲ စားသုံးသူကာကွယ်ရေးကို ပိုဆိုးရွားစေနိုင်မလားလို့ စိတ်ပူနေပါတယ်။
Photo: Vox
Public Knowledge Policy Counsel မှ မူဝါဒရေးရာ အကြံပေးဖြစ်သူ ဆာရာ ကောလင်းစ်ကတော့ COVID-19 Consumer Data Protection Act ဟာ ထိတွေ့မှုနောက်ယောင်ခံတဲ့ အချက်အလက်တွေ အပေါ်ပဲ လွှမ်းခြုံမှု ရှိပြီး တစ်ခြား ကျန်းမာရေး နဲ့ တည်နေရာ အချက်အလက်များပေါ် သက်ရောက်မှု မရှိသလို ကုမ္ပဏီတွေအနေနဲ့ ဘယ်သူတွေ ကူးစက်ခံထားရသလဲ ဆိုတာပါ ဆုံးဖြတ်နိုင်အောင် ခွင့်ပြုဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လထဲမှာ Apple နဲ့ Google ဟာ ကိုရိုနာဗိုင်းရပ်စ် ထိတွေ့မှု ခြေရာခံ app များအတွက် မူဘောင်တစ်ခု တည်ဆောက်ဖို့ ရှားရှားပါးပါး ပူးပေါင်းခဲ့ပြီး အချက်အလက်တွေရဲ့ လူနာတည်နေရာကို Apple ရော Google ပါ ပြန် share မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ကပ်ဘေးကြီး ပြီးဆုံးသွားတာနဲ့ Coronavirus Tracker ကို ပိတ်ချလိုက်မှာ ဖြစ်တယ်လို့လည်း ကတိပြုခဲ့ပါတယ်။
Share