ပရိသတ်တွေနဲ့ အတူတူ အလှူလုပ်မယ်လို့ ဆိုပါတယ်။

နေခြည်ဦးဟာ သူချစ်တဲ့ ပရိသတ်တွေနဲ့အတူတူ Covid-19 ကာကွယ်ရေးအတွက် အလှူတွေလုပ်မယ်လို့ ပြောပါတယ်။ 

Photo: Nay Chi Oo



ပရိသတ်အချစ်တော်မလေး နေခြည်ဦးကတော့ Covid-19 ရောဂါ ကာကွယ်ရေးအတွက် သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့အတူ အလှူလုပ်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အလှူငွေကျပ် (၅၅) သိန်း မတည်ထားတယ်လို့ သိရပါတယ်။ 

" နေခြည့် facebook page beautybynaychi ရဲ့ Ten Day Engagement တစ်ခုထဲနဲ့ #Covid19 မှာလိုအပ်တဲ့နေရာတွေ လှူဖို့ စုစုပေါင်း မတည်ငွေ (၅၅) သိန်း ရှိနေပါပြီ။ ကိုယ်တတ်နိုင်သလောက်လေးကို ကိုယ့် fans တွေနဲ့ လှူရသော စေတနာကြောင့် ဒီကပ်ရောဂါကြီးဘေးက နေခြည်တို့ လူသားတွေအားလုံး အမြန်ဆုံး ကင်းဝေးရှောင်ရှားနိုင်ကြပါစေ။ Thank you so much for all your comments, likes and shares" ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီ ကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Beauty

နေခြည်ဦးကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် စိတ်အားထက်သန်တယ်လို့ ဆိုပါတယ်။ သူမရဲ့ အနုပညာကြေးတွေထဲကနေ အလှူလုပ်ဖို့ဆိုပြီးတော့ ပိုက်ဆံသက်သက် စုဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ နေခြည့်မှာ နောက်ပြန်ကြည့်ရမယ့် မိသားစု ဆိုတာ မရှိသေးဘူး။ ကလေးလည်း မရှိဘူး၊ နေခြည့် မိသားစုကလည်း သူ့ဘာသာသူ ပြန်ရပ်တည်နိုင်တဲ့ မိသားစု ဖြစ်တယ်၊ မောင်လေး ညီမလေးတွေကိုလည်း မိဘက ထောက်ပံ့နေတာဖြစ်တဲ့အတွက် လစဉ်ဝင်ငွေက ကိုယ်သုံးရင် သုံးသလောက် ကုန်တာပေါ့နော်။ ဒါကြောင့် အလှူလုပ်ဖို့အတွက်ဆိုပြီးတော့ သက်သက်စီ စုတယ်။ ပရဟိတအလှူလေးတွေ တွေ့ရင် ထည့်ဝင်လှူဒါန်းချင်တဲ့ စိတ်တွေလည်း ဖြစ်တော့ ပိုက်ဆံလေးတွေ စုပြီး လှူဖြစ်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Nay Chi Oo

နေခြည်ဦးရဲ့ အလှူမှာတော့ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေဟာ #beautybynaychi #chichigiveaway #westayhome ဆိုတဲ့ hashtag လေးနဲ့အတူ "TEN DAY GIVEAWAY" ဆိုတဲ့ Facebook နဲ့ Instagram Live လေးကို ပရိသတ်တွေရဲ့ ကိုယ်ပိုင်အကောင့်တွေမှာ Sharing လုပ်ပေးရတာ ဖြစ်ပါတယ်။ 

Ten Day Giveaways မှာ ပြုလုပ်နေတဲ့ Live and Video view တစ်ခုချင်းဆီကို တစ်ကျပ်နှုန်းနဲ့ ဆယ်ရက်အတွင်း အကန့်အသက် မရှိ တွက်ပြီး chillies တွေအားလုံးကိုယ်စား လှူသွားမယ်လို့ ရည်ရွယ်ထားတယ်လို့လည်း နေခြည်ဦးက ပြောပါတယ်။ 

Photo: Amazing Grace

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က