သူမရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။

နန်းခင်ဇေယျာကတော့ သူကိုယ်တိုင် သီချင်းတွေဖျော်ဖြေပေးခဲ့ရတဲ့ Quarantine ရင်ဆိုင် နေရသူ တွေအကုန်လုံးက COVID-19 ရောဂါပိုးမရှိတဲ့အတွက် အရမ်းဝမ်းသာမိတယ်လို့ဆိုပါတယ်။ 

Photo: Nan Khinzayar



နန်းခင်ဇေယျာကတော့ ဧပြီလ ၅ ရက်နေ့ ညက Hotel 7 Mile မှာ Quarantine ရင်ဆိုင်နေရသူတွေအတွက် ခွန်အားဖြစ်စေမယ့် တေးသီချင်းတွေ သွားရောက်သီဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Quarantine ရင်ဆိုင်နေရတဲ့ သူတွေအားလုံးမှာ COVID-19 ရောဂါပိုးမရှိဘူးဆိုတဲ့ အဖြေထွက်လာတာကြောင့်လည်း ဝမ်းသာရတယ်လို့ Duwun Media က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

“ နန်းခင်တို့ မနေ့က Hotel 7 Mile မှာ Quarantine ရင်ဆိုင်နေရတဲ့ မောင်လေး ညီမလေးတွေကို သီချင်းတွေနဲ့ သွားဖျော်ဖြေတယ်။ နန်းခင်နဲ့ အတူ တခြား အနုပညာရှင်တွေလည်းပါတယ်။ ကိုယ့်ရဲ့ ခံစားချက်ကတော့ သူတို့လေးတွေ ဒီ ၁၄ ရက်ကို တောင့်ခံနိုင်တာ လေးစားတယ်။ သူတို့လေးတွေကလည်း နိုင်ငံခြားကနေ ပြန်လာတဲ့ မောင်လေး၊ ညီမလေးတွေပါ။ အခုဆိုသူတို့ အကုန်လုံးက ရောဂါပိုး မရှိတဲ့သူတွေ ဖြစ်တာကြောင့် ပိုပြီးတော့ ဝမ်းသာတယ်။ အခုဆို သူတို့ရဲ့ အိမ်အသီးသီးကို ဘေးမသီရန်မခပဲ ပြန်သွားနိုင်လို့ ပျော်ရပါတယ်” လို့ ဆိုပါတယ်။ 

Photo: Nan Khinzayar

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေေ တွက အများကြီးရှိ လို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်း ပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့် ၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Nan Khinzayar

COVID-19 ကူးစက်ရောဂါပိုး လျော့နည်းအောင် အိမ်မှာနေကြဖို့ကိုလည်း နန်းခင်ဇေယျာက တိုက်တွန်းပြောပြလာပါတယ်။ မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေ အတွက်လည်း စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။ 

“ ကိုယ်တိုင်ကလည်း ဒီရောဂါပိုး မကူးအောင် Mask ကို သေချာအုပ်တယ်။ Hangel တွေ တောက်လျှောက် သုံးတယ်။ ကိုယ် အပူချိန်လည်း ပုံမှန်တိုင်းဖြစ်တယ်။ အခုချိန်မှာ လက်လုပ်လက်စားသမားတွေအတွက် မဖြစ်မနေအပြင်ထွက်ပြီး စီးပွားရှာနေကြတာ အရမ်းသနားတယ်။ ကိုယ်ချင်းလည်း စာတယ်။ သူတို့မှာ မိသားစုရှိတဲ့အတွက် သူတို့ အိမ်မှာပဲနေလို့ မဖြစ်ဘူး။ ဒါကြောင့် တခြား ပရဟိတသမားတွေက သွားရောက်လှူဒါန်းကြတာ မြင်ရလို့ ဝမ်းသာတယ်။ ပရဟိတအဖွဲ့တွေ မရောက်ဖြစ်တဲ့နေရာတွေလ ည်းရှိပါသေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nan Khinzayar

နန်းခင်ဇေယျာက လက်ရှိမှာ ပရဟိတအလုပ်တွေကို ဦးဆောင်ပြီး လုပ်ကိုင်နေသလို ဇာတ်ကားရိုက်ကူးလို့နေပါတယ်။မင်းသမီးချောလေး နန်းခင်ဇေယျာဟာ အလှမယ် ပြိုင်ပွဲတွေကနေ တဆင့် လူသိများလာပြီး အနုပညာလောကထဲကို ဝင်ရောက်လာသူ တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိသူ တစ်ဦးဖြစ်ပါတယ်။ နန်းခင်က သရုပ်ဆောင်လည်း ဝါသနာပါသလို တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေက “Non Stop” ဖြစ်ပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းခွေတစ်ခွေဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က