ရောဂါပိုးမရှိတော့ကြောင်း တစ်ကြိမ်စစ်ဆေးတွေ့ရှိထားသူတွေလည်း ရှိနေ သေးတယ်လို့သိရပါတယ်။

ရောဂါပျောက်ကင်းလို့ ဆေးရုံက ပြန်လည်ဆင်းခွင့်ရသူ ၉ဦးကတော့ လူနာနံပါတ် နံပါတ် ၃၊၄၊၇၊၉၊ ၁၀၊၁၁၊၁၂၊၁၅နဲ့၂၁တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါ ပြန်လည်ပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၉ဦးထိ ရှိလာခဲ့ပါပြီ။



ဧပြီလ ၂၀ရက်နေ့ထိ ဆေးရုံက ဆင်းခွင့်ရသူ ၆ဦးရှိထားပြီး ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက်ပိုင်းမှာတော့ နောက်ထပ် ၃ဦး ထပ်မံ ဆင်းခွင့်ရခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် လာပါတယ်။

ကနဦး ဆေးရုံဆင်းခွင့်ရသူတွေကတော့ လူနာနံပါတ် ၃၊၄၊၇၊၉၊၁၅နဲ့ ၂၁တို့ဖြစ်ပြီး နောက်ထပ် ဆေးရုံဆင်းခွင့်ရသူ ၃ဦးကတော့ လူနာနံပါတ် ၁၀၊၁၁နဲ့၁၂တို့ ဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက Duwunကိုအတည်ပြုပြောပါတယ်။

“ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်း ၉ဦးထိရှိလာခဲ့ပါပြီ။လူနာနံပါတ်တွေကို ကျွန်တော်ပြောပါမယ် နံပါတ် ၃၊၄၊၇၊၉၊ ၁၀၊၁၁၊၁၂၊၁၅နဲ့၂၁တွေပါ။သူတို့ကိုတော့ ဆေးရုံကဆင်းခွင့်ပေးပြီး နေအိမ်မှာ ဆက်လက်အသွားအလာကန့်သတ် စောင့်ကြည့်မှုတွေ ပြုလုပ်စေမှာပါ။”လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

အခုနောက်ထပ် ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူ ၃ဦးကတော့ ရန်ကုန်မြို့ ဝေဘာဂီဆေးရုံမှာကုသမှု ခံယူနေသူတွေ ဖြစ်ပြီး နံပါတ် ၁၀က ခရီးသွားရာဇဝင်မရှိပဲ သေဆုံးသွားပြီ ဖြစ်တဲ့ လူနာနံပါတ် ၅ထံမှ ကူးစက်ခံရသူ ဖြစ်ပါတယ်။ နံပါတ် ၁၁နဲ့၁၂ကတော့ ပြင်သစ်နိုင်ငံသာား‌တွေ ဖြစ်ပြီး ခရီးသွားဧည့်လမ်းညွှန်ဖြစ်တဲ့ လူနာနံပါတ် ၈နဲ့ ထိတွေ့မှုရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။

ရောဂါ ပြန်လည်ပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူများမှာအနည်းဆုံး ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့ရှိတော့သူများဖြစ်ပြီး ရောဂါပိုးမရှိတော့ကြောင်း တစ်ကြိမ်စစ်ဆေးတွေ့ရှိထားသူတွေလည်း ရှိနေ သေးတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဆက်လက်ပြောပါတယ်။

“နောက်ထပ် ရောဂါပိုးတစ်ကြိမ်စီ မတွေ့ထားရသူတွေလည်း ရှိနေပါသေးတယ်။ လက်ရှိ ရောဂါပိုးတွေ့ရှိ သူတွေထဲမှာ လူနာနံပါတ် ၈၇နဲံ ၈၉တို့နှစ်ဦးသာ ICUထဲမှာ အထူးကြပ်မတ်ကုသမှု ခံယူနေရပြီး ကျန်လူနာ အားလုံး အခြေအနေကောင်းမွန်ပါတယ်။”လို့လည်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ COVID-19ရောဂါပိုးတွေ့ရှိထားသူ စုစုပေါင်း ၁၂၁ဦးထိရှိရာမှာ ၉ဦးထိဆေးရုံက ပြန်လည်ဆင်းခွင့်ရခဲ့ပြီ ဖြစ်ကာ ၅ဦးကတော့ သေဆုံးသွားခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က