မိသားစုကိုလည်း စောင့်ရှောက်နေတယ်။

နိုင်လူ ကတော့ COVID-19 နဲ့ ပတ်သက်ပြီး ပြည်သူတွေအပေါ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။ 

Photo: Naing Lu



သရုပ်ဆောင်နိုင်လူဟာ COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေအတွက် သူကိုယ်တိုင် ဆောင်ရွက်ဖြစ်နေတဲ့ အရာတွေကို Duwun Media ရဲ့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေဆိုခဲ့ပါတယ်။  

“ အခုချိန်မှာ Covid -19 နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်သောအားဖြင့် ဦးနိုင်လူပါဝင်ထားတဲ့ ပြည်သူ့ကောင်းကျိုးဆောင် ပါတီ အဖွဲ့တွေနဲ့ အတူတူ ဆောင်ရွက်နေတာတွေရှိတယ်။ တစ်ယောက်တည်း အနေနဲ့ကတော့ မကြာခင်ရက်ပိုင်းလောက်က မိဘမဲ့ကလေးကျောင်း တစ်ကျောင်းပေါ့။ ဆုတောင်းပရဟိတ(ကော့သောင်း) ကျောင်း က ကလေးတွေအတွက် တစ်နေ့စာ အာဟာရ ကျွေးတာတွေ၊ ပြီးတော့ တချို့နေရာတွေမှာလည်း ဆေးဖြန်းတာတွေ လုပ်ပေးဖြစ်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Naing Lu

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ ဧပြီလ ၁၉ ရက်နေ့ ည(၁၁) နာရီ (၁၅) မိနစ်အထိ COVID-19 ကူးစက်ခံရသူ (၁၁၁ )ဦးရှိပြီဖြစ်ပြီး သေဆုံးသူ (၅) ဦး၊ ပြန်လည်ကောင်းမွန်လာသူ (၇)ဦးရှိခဲ့ပြီလို့ သိရပါတယ်။ 

Photo: Naing Lu

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး Positive လူနာတွေ ထပ်တိုးလာမှာကိုလည်း စိုးရိမ်နေတယ်လု့ိ နိုင်လူက ပြောပါတယ်။ ဒါကြောင့် သူ့ရဲ့ မိသားစုကိုလည်း ကျန်းမာရေး သေသေချာချာ ဂရုစိုက်ဖြစ်တယ်လို့ဆိုပါတယ်။ 

“ အပြင်မှာလည်း ကူညီဆောင်ရွက်မှုတွေ လုပ်နေသလို ကိုယ့်မိသားစုမှာလည်း ဒီရောဂါအနေအထားပေါ် မူတည်ပြီး အိမ်မှာ နေထိုင်ရတာက အကောင်းဆုံးပါပဲ။ ဒါမှာ ရောဂါကို ကာကွယ်သလိုမျိုးဖြစ်တာပေါ့။ အများနဲ့အတူ ဒီရောဂါကို စိုးရိမ်နေရတာပါပဲ။ ဒါပေမယ့် ထပ်ပြီးတော့ မပွားအောင်၊ ထပ်မဖြစ်အောင် ကာကွယ်မှုအနေအထားနဲ့ ဆက်ပြီးတော့ လက်ရှိအစိုးရနဲ့ ပြည်သူလူထု ဝိုင်းဝန်းပူးပေါင်းပြီးတော့ လုပ်ဆောင်ရမှာပါပဲ ဒါမှ ထပ်ပြီးတော့ တိုးပွားမှုတွေ မဖြစ်လာနိုင်မှာပါ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Naing Lu

သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ချစ်ရတဲ့ ဇနီး၊ ချစ်ရတဲ့ သမီးလေး နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို တည်ထောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ လက်ရှိမှာတော့ နိုင်လူဟာပြည်သူ့ကောင်းကျိုးဆောင်ပါတီမှာ မြန်မာနိုင်ငံနယ်ပယ်အတွင်းရေးမှူး၊ စစ်ကိုင်းတိုင်း ပြန်ကြားရေး (တိုင်းတာဝန်ခံ )၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီမှာလည်း EC တစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က