တစ်ရက်ကို ဆယ်ဂဏန်းဝန်းကျင်လောက်ပဲ လာလှူကြတော့တာပါ။

COVID-19 ဂယက်ကြောင့် အမျိုးသားသွေးလှူဘဏ်မှာ တစ်ရက်ကို အလှူရှင် ဆယ်ဂဏန်းဝန်းကျင်လောက်ပဲ လာလှူတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

အရင်ကဆို တစ်ရက်ကို ပျှမ်းမျှ အလှူရှင် ၂၀၀ နီးပါး လှူဒါန်းရာကနေ အခုတော့ တစ်ရက်ကို ၁၅ ယောက် ဝန်းကျင်လောက်ပဲ လာလှူကြတော့တယ်လို့ အမျိုးသားသွေးလှူဘဏ်မှ ဒေါက်တာသီတာအောင်က Duwun ကိုပြောပါတယ်။

COVID-19 ကြောင့် လူစုလူဝေးတွေ မလုပ်ရတောတဲ့အတွက် အသင်းအဖွဲ့နဲ့ လာရောက်လှူဒါန်းတာတွေ၊ သွေးလှူဒါန်းပွဲတွေ မရှိတော့တာကြောင့် ပြီးခဲ့တဲ့ မတ်လ အတွင်းကဆိုရင် လာလှူတဲ့သူ အယောက် ၃၀၀၀ လောက်လျော့ကျသွားတယ်လို့ဆိုပါတယ်။

“ သွေးအလှူရှင်တွေက လာလှူချင်ကြတယ်။ ဒါပေမယ့် သူတို့လည်း မမြင်ရတဲ့ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကြောက်လို့ မလာရဲကြတာ့တာပါ။ ကျွန်မတို့ ပြီးခဲ့တဲ့ ၃ လအတွင်းကဆိုရင် သွေးလာလှူတဲ့နှုန်းတော်တော်ကို ကျသွားပါတယ်။ ဒါကြောင့် လာလှူကြတဲ့သူတွေ စိတ်ချရအောင် ကျွန်မတို့ သွေးလှူဘဏ်မှာလိုအပ်တဲ့ အကာအကွယ်တွေလုပ်ထားပါတယ်။ “ လို့ ဒေါက်တာသီတာအောင်က ပြောပါတယ်။

အခုလက်ရှိသင်္ကြန်ကာလပိတ်ရက်အတွက်လည်း သွေးတွေကို ကြိုတင်စုဆောင်းနိုင်အောင် သွေးလှူမယ့်သူတွေကို ဖိတ်ခေါ်နေပြီး သွေးလှူချင်တဲ့သူ အနည်းဆုံး ၈ ယောက်ရှိရင် မြို့နယ်တွေအထိ ကားနဲ့လာခေါ်ပေးမယ်လို့လည်း ဒေါက်တာသီတာအောင်က ပြောပါတယ်။

အမျိုးသားသွေးဌာနဘဏ်အနေနဲ့ ဆေးရုံတွေကို တစ်လကို သွေးယူနစ်ပေါင်း တစ်သောင်း ၁၇၀၀၀ လောက်ထောက်ပံ့ရပြီးအခုတော့ ၁၂၀၀၀ လောက်သာ ထောက်ပံ့နိုင်တော့တယ်လို့လည်း သိရပါတယ်။


Share

Loading Next Article...
က္က