လုံးဝစိတ်ချရတဲ့အနေအထားက ဝေးနေသေးတယ်လို့ဆိုပါတယ်။

ဒီတစ်ရက်နှစ်ရက်အတွင်း COVID-19 ရောဂါပိုးမတွေ့ရှိပေမယ့် ပေါ့ပေါ့ဆဆမနေကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဧပြီလ ၃ ရက် ညနေပိုင်းမှာ လူမူကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် သတိပေးပြောကြားလိုက်ပါတယ်။

လက်ရှိမှာ လုံးဝစိတ်ချရတဲ့အနေအထားက ဝေးနေသေးပြီး COVID-19 နဲ့ပတ်သက်တဲ့ ပညာပေးညွန်ကြားချက်တွေကို အသေအချာလိုက်နာဖို့ကိုလည်း တိုက်တွန်းပြောကြားထားတာပါ။

“ Covid နဲ့ပတ်သက်တဲ့ ပညာပေး ညွှန်ကြားချက်တွေကို အသေအချာလိုက်နာပါ။ ဒီ တစ်ရက်၊ နှစ်ရက်အတွင်း covid ငြိမ်နေလို့ မပေါ့ပါနဲ့။ လုံးဝ စိတ်ချရတဲ့အခြေအနေကဝေးပါသေးတယ်။ “ ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

ဒ့ါအပြင် ရန်ကုန်တိုင်းမြို့နယ်တွေမှာ “ Stay at Home” မိမိအိမ်မှာနေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ၂ ပတ်ရှိသွားပြီးဖြစ်တဲ့အတွက် ဒီအစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုတွေကို သုံးသပ်ပြီး ရှေ့ဆက်ဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ရမယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။

COVID နဲ့ပတ်သက်ပြီး ကျန်းမာရေးပညာ၊ စီးပွားရေးပညာတွေ ဒီလအနည်းငယ်အတွင်း တိုးတက်လာတာကိုတွေ့ရပြီး ကျွန်မတို့အနေနဲ့သင်ယူအားကောင်းဖို့သာလိုတယ်လို့ ပြောခဲ့ပါတယ်။

 “ Covid ဟာ အားလုံးအတွက် မကြုံဘူးတဲ့ ကိစ္စ လို့ ပြောနိုင်ပေမယ့် ပြဿနာဆိုတာ ကတော့ ကျွန်မတို့ အားလုံး ကြုံ ခဲ့ဘူးတဲ့ အရာပါ။ ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အဓိက လိုအပ်ချက်ကတော့ အခြေ အနေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ခြင်းပါပဲ။ အဲ့ဒါက ပညာပေါ့။” လို့ ဆိုခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၁၅၁ ဦးအထိ ရှိနေပြီး ပိုးတွေ့လူနာသစ်ထပ်မတိုးခဲ့တာ ၂ ရက်ဆက်တိုက်ရှိနေပြီလည်း ဖြစ်ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ညကနေ ဒီနေ့ မေလ ၃ ရက်မနက်အထိ သုံးရက်အတွင်း ဓာတ်ခွဲစစ်ဆေးမှု ၁၀၆၀ မှာ လူနာတစ်ဦးပဲထပ်တိုးခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီသုံးရက်အတွင်းမှာ ရောဂါပျောက်ကင်းတာကြောင့် ဆေးရုံကဆင်းခွင့်ရရှိသူ (၁၁) ဦး၊ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူက (၁၀) ဦးရှိခဲ့ပါတယ်။

လက်ရှိ မေလ ၃ ရက်နေ့ မနက် ၈ နာရီအထိဆိုရင် တစ်နိုင်ငံလုံးမှာ ပိုးတွေ့လူနာ ၁၅၁ ဦးရှိတဲ့အနက် ရောဂါပျောက်ကင်းသူ ၃၇ ဦး၊ သေဆုံးသူ ၆ ဦး ရှိလာပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က