တိုက်ပွဲတစ်ပွဲကို နိုင်အောင်တိုက်ဖို့ဆိုတာ ရှေ့တန်းက တိုက်တဲ့သူတွေအရေးပါသလို လိုအပ်တဲ့ထောက်ပံ့မှု ရဖို့လည်း လိုပါတယ်။ ထောက်ပံ့မှု မလုံလောက်ရင် ဒါမှမဟုတ် အချိန်မီ မရောက်ခဲ့ရင် အရေးနိမ့်နိုင်ပါတယ်။ ဒီ Covid 19 ကို ထိန်းချုပ်မှုရအောင်လုပ်ရတာကလည်း တိုက်ပွဲတစ်ပွဲတိုက်နေရသလိုပါပဲ။
ဒီတိုက်ပွဲကို အသာစီးရဖို့ ရှေ့တန်းမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ အခြား ကျန်းမာရေးဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်တွေ အစွမ်းရှိသလောက်တိုက်နိုင်ဖို့ဆိုရင် သူတို့လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေ ကိရိယာတွေ ပြည့်စုံနေဖို့လိုပါတယ်။ ဒါကြောင့်မို့ ရှေ့တန်းမှာမနေနိုင်ပေမဲ့ နောက်တန်းကနေ လိုအပ်တဲ့ ထောက်ပံ့မှုတွေပြုလုပ်နိုင်ဖို့ကလည်း အရေးပါပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဒီတိုက်ပွဲမှာ ရှေ့တန်းကနေ ကာကွယ်တိုက်ထုတ်ပေးနေသူတွေကို လေးစားပြီး တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့အနေနဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို စည်းကမ်းရှိရှိ လေးစားလိုက်နာပြီး ပူးပေါင်းဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒီလို ညီညီညွတ်ညွတ်ပါဝင်မှသာ အနိုင်ရနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Mytel ဟာ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေအတွက် တပ်အားသရွေ့ပါဝင်ခြင်းဖြင့် ဒီလို covid 19 ကို တိုက်နေတဲ့ ရှေ့တန်းက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာရှင်တွေရဲ့ အရေးပါပုံကို သဘောပေါက်ပြီး နောက်တန်းပံ့ပိုးမှုကလည်းအရေးကြီးတာကို သိရှိကြောင်း ဖော်ပြလျက်ရှိတာကိုတွေ့ရပါတယ်။
Mytel ဟာ ဒီတစ်ခါမှာလည်း Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အလှုငွေနဲ့တကွ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို လှုဒါန်းခဲ့တာပါ။ ဒီလှုဒါန်းငွေတွေဟာ Mytelနဲ့တကွ Mytel သုံးစွဲသူတွေ၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက E-Sports community ကသူတွေရဲ့ စုပေါင်းလှုဒါန်းမှုလို့ ပြောလို့ရပါတယ်။
Covid 19 ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်မှာ တစ်တပ်တအားပါဝင်တဲ့အနေနဲ့ “TogetherWeFightCovid19” ဆိုတဲ့ campaign ကို Mytel ကစတင်ခဲ့ပြီး အဲဒီ campaign အောက်မှာ စာတိုပေးပို့လှူဒါန်းခြင်း၊ Mytel Mobile Legends Myanmar Covid-19 Charity Championship နဲ့ အခြားအစီအစဉ်များကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တနိုင်ငံလုံးမှာရှိတဲ့ Mytel သုံးစွဲသူတွေအနေနဲ့ 111 ကို CV19 လို့ စာတိုပေးပို့ပြီး မိမိတို့လက်ကျန်ငွေထဲကနေ ၁,၀၀၀ ကျပ်ကို Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို လှုဒါန်းနိုင်မဲ့ စာတိုပေးပို့လှုဒါန်းခြင်း အစီအစဉ်ကို ဧပြီလအစောပိုင်းမှာစတင်ခဲ့တာကိုတွေ့ရပါတယ်။ ဒီလှုဒါန်းမှုဟာ Mytel ရဲ့ SMS donation (စာတိုပေးပို့လှုဒါန်းခြင်း) ကနေရတဲ့ ၅,၆၀၀ USD ရယ်၊ Mytel Mobile Legends Myanmar Covid-19 Charity Championship က ၁၀,၀၀၀ USD ရယ်နဲ့ surgical masks အခု ၁၀,၀၀၀ တို့ကိုလှုဒါန်းခဲ့တဲ့အလှုဖြစ်ပါတယ်။
ဒီလိုတွေလှူဒါန်းခြင်းဖြင့် Mytel ဟာ Covid 19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ တတပ်တအားပူးပေါင်းပါဝင်နေပြီး ထောက်ပံ့မှုတွေ လှုဒါန်းမှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ မကြာသေးခင်ကလည်း “Safe Market” အစီအစဉ်ကို ဒေသဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနဲ့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ social distancing အလေ့အကျင့်ကို ကျင့်သုံးဖို့အတွက်ရော နေပူဒဏ်ကာကွယ်ဖို့အတွက်ရော ရည်ရွယ်ပြီး ဈေးသည်တွေအတွက် ရွင်ဖျင်ထီးတွေ လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် Mytel က (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နဲ့ (Mobile Legends နဲ့ PUBG မိုဘိုင်းဂိမ်းတွေကို ၇ရက်၇လီ ဒါမှမဟုတ် ရက် ၃၀ အတွင်း ဆော့ကစားနိုင်မယ့်) အကန့်အသတ်မရှိဂိမ်းဒေတာ အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။
(ဒီသတင်းကို Mytel မှပံ့ပိုးကူညီထားပါတယ်)