အကူအညီလိုအပ်တဲ့ ဒေသတွေကို လှူမယ်လို့ ပြောပါတယ်။

COVID-19 ကူးစက်ရောဂါ မပြန့်ပွားအောင် နှင်းဆီရင်ခွင် လူမှု့ကူညီရေး ဖောင်ဒေးရှင်းမှ လိုအပ်တဲ့ ဆေးပစ္စည်း တွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ 

Photo: နှင်းဆီ



ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်တဲ့ နှင်းဆီအဖွဲ့သားတွေဟာ COVID-19 ကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို လှူဒါန်းသွားဖို့ ပြင်ဆင်နေပြီလို့ နှင်းဆီအဖွဲ့သား တစ်ဦးဖြစ်သူ အဆိုတော် ထွန်းထွန်းက ပြောပါတယ်။ 

"ကျွန်တော်တို့ " နှင်းဆီရင်ခွင်" လူမှု့ကူညီရေးဖောင်ဒေးရှင်းမှ ကမ္ဘာတစ်ဝှမ်းနှင့်မြန်မာနိင်ငံတွင်ဖြစ်ပွားလျှက်ရှိသော Covid-19 ကပ်ရောဂါ အားတွန်းလှန်တိုက်ခိုက်ရာတွင် ရှေ့တန်းမှရဲရဲဝံဝံရင်ဆိုင် နေကြသော မြန်မာနိင်ငံတဝှမ်းရှိကျန်းမာရေးဝန်ထမ်းများ အတွက် ရောဂါကာကွယ်ရေးဝတ်စုံ PPE များ ၊ ရောဂါကာကွယ်ရေးမျက်နှာဖုံး Mask များအား သက်ဆိုင်ရာကျန်းမာရေးဌာနများမှတဆင့် လိုအပ်သောနေရာဒေသများသို့ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ပါသည်ခင်ဗျာ။ #Covid19 #Pademiccoronavirus #2020" ဆိုပြီးတော့ မတ်လ ၃၁ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 

Photo: နှင်းဆီ

နှင်းဆီအဖွဲ့သားတွေထဲမှာတော့ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး တို့ ပါဝင်တာ တွေ့ရပါတယ်။ နှင်းဆီဖောင်ဒေးရှင်းတစ်ခုအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကထူထောင်ခဲ့တာဖြစ်ပြီး ညီညီညွှတ်ညွှတ်နဲ့ အလှူအတန်းတွေလည်း မကြာခဏ ဆောင်ရွက်လေ့ရှိပါတယ်။ နှင်းဆီအဖွဲ့သားတွေအနေနဲ့ တကယ်ကို အခက်အခဲ ကျရောက်နေတဲ့ ဒေသတွေမှာ ကျောင်းဆောက်၊ ဘုရားတည် စတဲ့ အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Smiper

အဆိုတော် ထွန်းထွန်းကလည်း နှင်းဆီအဖွဲ့ စတင်တည်ထောင်ကတည်းက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့ အငြိမ့်တိုင်းမှာလည်း ထွန်းထွန်းရဲ့ တင်ဆက်မှုတွေက ပရိသတ်ကို ပျော်စရာတွေ ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။သူဟာ အခုဆိုရင် အနုပညာသက်တမ်း ၁၅ နှစ်ကျော်ခန့်ရှိပါပြီ။ တစ်ချိန်တုန်းကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ခဲ့ကြတဲ့ Rapper အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 

Photo: နှင်းဆီ

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။



Share

က္က