နောက်ထပ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းသွားဦးမယ်လို့ဆိုပါတယ်။

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ COVID-19 ကာကွယ်ရေးဆောင်ရွက်နေကြတဲ့ ဆေးရုံကြီးတွေမှာ လိုအပ်တဲ့ ဆေးပစ္စည်းကရိယာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ 

Photo: Chit Thu Wai



အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ ဖောင်ကြီးဆေးရုံ၊ တောင်ဥက္ကလာ ဆေးရုံ၊ ဝေဘာဂီ ဆေးရုံကြီး နဲ့ မုံရွာဆေးရုံကြီးတွေမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေကို သွားရောက် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

" ဖောင်ကြီးဆေးရုံသို့ Videolayngoscope4 blades (1)ခု ၊ Barrier box (2)ခု၊ PPE (100)စုံ ၊ Surgical gown (150)စုံ၊ Viral bacteria HME filter (50)ခု ၊Goggle (40)ခု ၊Cap (400)ခု ၊Mask (2000)ခု၊ Glove (2000)ခု၊ တောင်ဥက္ကလာ Covid (19) ကုသရေးဆေးရုံသို့၊ Video Laryngoscope 5Blades (1) လုံး ၊ PPE+Boot Cover(50) ၊ Disposable Surgical Gown (100)စုံ ၊ ဝေဘာဂီဆေးရုံသို့ Video Laryngoscope 4Blades (1) လုံး ၊ PPE+Boot Cover(100)ခု ၊ Goggle(50)ခု၊ Mini viral filter (50)ခု ၊ Surgical Gown (150)ခု၊ မုံရွာဆေးရုံသို့ PPE(50)စုံ ၊ Video Larynscope 4Blade(1)လုံး ၊ Goggle (10)ခု ၊ Glove(500)စုံ ၊ Mini Viral Filter (30) ခု တို့အား ခေတ်သစ်ဖောင်ဒေးရှင်းမှ ၂၄.၄.၂၀၂၀နေ့ နှင့် ၂၅.၄.၂၀၂၀ တွင် မျှဝေကူညီပေးခဲ့ပါတယ်။ ရှေ့တန်းသူရဲကောင်းတွေ အကောင်းဆုံးကာကွယ်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးအား ကျေးဇူးအထူးတင်ပါတယ်။ ဗိုင်းရပ်စ်ပိုးများ ရပ်တန့်ပါစေ။ ချစ်ခြင်းတရားများ ပျံ့နှံ့ပါစေ" ဆိုပြီးတော့ ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 


Photo: Chit Thu Wai

လက်ရှိမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို မကြာခဏ သွားရောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။  


Photo: Chit Thu Wai

အဆိုတော်ချစ်သုဝေကတော့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားတာ တွေ့ရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က