မွေးနေ့အလှူလေးဖြစ်တယ်လို့ ဆိုပါတယ်။

အားတီဟာမွေးနေ့အလှူအဖြစ် COVID-19 ကာကွယ်ရေးအတွက် ငွေကျပ်သိန်း(၃၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Ar-T



ဒီနေ့(ဧပြီလ ၂၆ ရက်)ကတော့ အဆိုတော်အားတီရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အနေနဲ့ မွေးနေ့ အလှူအဖြစ် COVID-19 ကာကွယ်ရေးအဖြစ် ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ငွေကျပ်သိန်း(၃၀) လှူခဲ့တယ်လို့ ဆိုပါတယ်။ 

" မွေးနေ့မှာ အမှတ်တရအဖြစ် ငွေကျပ်သိန်း( ၃၀ )တိတိကို ပြည်သူ့ကျန်းမာရေးအတွက် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ သို့KBZ bank မှတဆင့်လှူဒါန်းခဲ့ပါတယ် ။ ကျွန်တော် မွေးနေ့ရက် မွေးနေ့လမှာ စိတ်ဆင်းရဲစရာကပ်ဘေးနှင့် ကြုံတွေ့နေရသော်လည်း ယခုလို နိုင်ငံတော်က ဦးဆောင်ပြီး တိုင်းပြည်အတွက် လိုအပ်သောနေရာများတွင် အသုံးပြုရန် ပြည်သူတွေက လှူဒါန်းတဲ့ ကဏ္ဏမှာ ပါဝင်ကုသိုလ်ယူခွင့်ရတာကိုကျွန်တော် အထူးပင် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကပ်ဆိုးကြီး အမြန်ပြီးဆုံးပြီးပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ဖို့ မျှော်လင့်ရင်း ခုနှစ်ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာပြီး အန္တရာယ်ကင်းဘေးရှင်းပါစေလို့ ဆုတောင်းမေတ္တာပို့အပ်ပါတယ်ခင်ဗျား" ဆိုပြီးတော့ ဧပြီလ ၂၅ ရက်နေ့ မနက် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Ar-T

လက်ရှိမှာ COVID-19 ကူးစက်ရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း ကူးစက်ရောဂါ ခံစားနေရသူ၊ ပျောက်ကင်းသွားသူတွေလည်းရှိပါတယ်။ COVID-19 ရောဂါကြောင့် စားဝတ်နေရေး ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေလည်းရှိတာကြောင့် ကျန်းမာရေးဝန်ကြီးဌာန နဲ့အတူ အနုပညာရှင်များစွာတို့ကလည်း တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေလုပ်ရင်း ကူညီပေးနေတာကို တွေ့ရပါတယ်။ 

Photo: Ar-T 

အဆိုတော် အားတီကိုတော့ သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်ပိုင် စီးပွားရေးအနေနဲ့ အားတီရဲ့ ‘’ချဉ်ငံစပ်’’ ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

က္က