နိုင်ငံမှာ COVID-19 ကူးစက်ရောဂါဖြစ်ပွားလာပြီးနောက်ပိုင်း အစားအသောက်တွေကို မှာယူစားသုံးမှုနှုန်းက တော်တော်လေးမြင့်တက်ခဲ့ပါတယ်။
အိမ်မှာပဲ လုံခြုံစိတ်ချစွာနဲ့ နေထိုင်နေကြပြီး အပြင်ကို အတတ်နိုင်ဆုံးမထွက်ဖို့အတွက် ညွှန်ကြားချက်တွေထွက်လာပြီးနောက်မှာ Food Delivery က တော်တော်လေးတွင်ကျယ်လာခဲ့တာပါ။ ဒါဟာ အပြင်ကို မထွက်ဖို့အတွက် လျှော့ချမှုတစ်ခုလည်းဖြစ်သလို ကိုယ်စားသုံးချင်တဲ့အရာကို လွယ်လင့်တကူမှာယူစားသုံးလို့လည်းရတာကြောင့် တော်တော်များများက Food Delivery တွေကို အသုံးပြုလာခဲ့ကြပါတယ်။
နောက်ထပ်အချက်တစ်ခုကတော့ ဒီလိုမှာယူစားသုံးမှုအတွက် ငွေသားအသုံးပြုစရာမလိုဘဲ မိုဘိုင်းဝန်ဆောင်မှုတွေကနေတဆင့် ပေးချေနိုင်လို့ပါပဲ။ ငွေစက္ကူတွေကနေလည်း ဗိုင်းရပ်စ်ကူးစက်တတ်တယ်ဆိုတဲ့ သတိပေးချက်ထွက်လာခဲ့ပြီးနောက်မှာ မိုဘိုင်းငွေပေးချေမှုတွေကိုလည်း အရင်ကထက်ပိုပြီးတော့ သုံးစွဲလာခဲ့ကြပါတယ်။ ဒါက ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို လျှော့ချပေးခြင်းတမျိုးလည်းဖြစ်လို့ တော်တော်လေးအဆင်ပြေခဲ့ပါတယ်။ မိုဘိုင်းဝန်ဆောင်မှုတွေထဲမှာ လူသိများပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ KBZPay ကလည်း ဒီလိုဝန်ဆောင်မှုကို သူတို့ရဲ့ App မှာ ထည့်သွင်းပေးထားလို့ နေအိမ်တွင်းမှာပဲ နေချင်သူတွေအတွက်တော့ လွယ်လင့်တကူမှာယူပြီး ငွေပေးချေဖို့အကောင်းဆုံးပါပဲ။ ဒါ့အပြင် KBZPay သုံးပြီး Delivery မှာမယ်ဆိုရင် Yankin Heights စားသောက်ဆိုင်မှာ ၅%လျှော့ဈေး၊ Spicy Taste မှာ ၁၀%လျှော့ဈေး၊ Ko Kant Kou Fu မှာ ၅%လျှော့ဈေး၊ ရှမ်းရိုးရာစားသောက်ဆိုင်မှာ ၁၀%လျှော့ဈေး တွေကို ရရှိမှာလည်းဖြစ်ပါတယ်။
KBZPay App မှာဆိုရင် QuickPay ဆိုတဲ့ Feature တစ်ခု ပါဝင်ပါတယ်။ အဲဒီထဲမှာမှ မိမိအသုံးပြုချင်တဲ့အကြောင်းအရာတွေအတွက် ငွေပေးချေမှုတွေကို ပြုလုပ်ပေးနိုင်မှာပါ။ ရှင်းလင်းတိကျပြီးတော့ အသုံးပြုရတာလွယ်ကူလို့ သုံးစွဲသူတွေအတွက်တော့ သိပ်ပြီးခေါင်းစားစရာမလိုဘဲဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်အတွင်းမှာ အရဲစွန့်ပြီး အပြင်ကိုထွက်မဝယ်ချင်တဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေစေသလို အစားအသောက်မှာယူရုံတင်မဟုတ်ပဲ ဖုန်းဘေလ်၊ အင်တာနက်ဘေလ်၊ YCDC အခွန် အစရှိတဲ့ မိသားစုလိုအပ်ချက်တွေအပြင် လူငယ်တွေအတွက် Game ဆော့တာ၊ သီချင်းနားထောင်တာကအစ KBZPay သုံးပြီးဆောင်ရွက်နိုင်ပါတယ်။
ဒါပေမယ့် သတိပြုရမယ့်အချက်တစ်ချက်ကတော့ လာရောက်ပို့ဆောင်ပေးတဲ့ ပါဆယ်ထုပ်တွေကိုတော့ သတိကြီးကြီးထားပြီးတော့ လက်ခံရယူဖို့ပါပဲ။ နိုင်ငံတကာမှာ ဒီလိုမျိုး Food Delivery ပို့ဆောင်မှုကနေ ရောဂါကူးစက်မှုတွေဖြစ်ပွားနေတာကြောင့် ပိုပြိးတော့ သတိထားချင်စရာပါ။ ဒါကြောင့်လက်ခံရယူစဉ်မှာ Mask တပ်ထားဖို့၊ လက်အိတ်ဝတ်ဆင်ထားဖို့ကိုတော့ လုံးဝမမေ့ပါနဲ့။ ဒီလိုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ကို အကောင်းဆုံးကာကွယ်နိုင်မှာ အမှန်ပါပဲ။ တစ်ဖက်မှာလည်း KBZPay က COVID-19 ကြောင့် ငွေသားကိုင်ဆောင်ပြီးအသုံးပြုမှုထက် မိုဘိုင်းဝန်ဆောင်မှုတွေကို ပိုမိုအသုံးပြုလာတဲ့အပေါ်မှာအကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် လိုအပ်သလို အဆင့်မြှင့်တင်မှုတွေကို ပြုလုပ်နေပါတယ်။ ဆိုရရင်တော့ KBZPay လို App ကို အသုံးပြုခြင်းက နေအိမ်ပြင်ပထွက်ခွာမှုကို လျှော့ချပေးနိုင်မယ်၊ ငွေသား ကိုင်ဆောင်အသုံးပြုမှုကို လျှော့ချပေးနိုင်ပြီး အချိန်ကုန်၊ လူပန်းသက်သာစေတာမို့လို့ COVID-19 ကို ပိုမိုစိတ်ချရတဲ့ နည်းလမ်းမျိုးနဲ့ ကာကွယ်နိုင်တာမျိုးတောင်ဖြစ်စေလို့ အကျိုးကျေးဇူးပိုရှိမယ်လို့ ယူဆမိပါတယ်။