COVID-19 ကပ်ရောဂါဂယက်ကြောင့် စီးပွားရေးကျဆင်းမှု ဆက်လက်ဖြစ်နေပါတယ်။

အမေရိကန်မှာ COVID-19 ကပ်ရောဂါဂယက်ကြောင့် စီးပွားရေးကျဆင်းမှု ဆက်လက်ဖြစ်နေမှုနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အလုပ်လက်မဲ့အဖြစ် ခံစားရရှိရန် လာရောက်လျှောက်ထားသူ နောက်ထပ် ၄.၄ သန်း တိုးလာခဲ့ပါတယ်။

(Photo: EPA)

ယခုအခါ အမေရိကန်မှာ COVI-19 ကာလအတွင်း မတ်လလယ်ပိုင်းမှစပြီး ယမန်နေ့ (ဧပြီ ၂၃ ရက်) အထိ အလုပ်လက်မဲ့ဦးရေ ၂၆.၄ သန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ထိုအရေအတွက်ဟာ အမေရိကန် အလုပ်သမားအင်းအားရဲ့ ၁၅ ရာခိုင်နှုန်းကျော်လည်း ဖြစ်လာပါတယ်။



သို့သော် ယခုနောက်ဆုံး အလုပ်လက်မဲ့ဦးရေ တိုးလာမှုဟာ ယခင် သီတင်းပတ်တွေကထက် လျော့ကျသွားခဲ့ပြီး အမေရိကန်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုူကြောင့် အလုပ်လက်မဲ့ဖြစ်မှု အဆိုးဆုံး အခြေအနေကို ကျော်လွန်ခဲ့တဲ့ လက္ခဏာလို့ ဆိုနိုင်ပါတယ်။

"ဒီတစ်ပတ်မှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားလာသူ ၄.၄ သန်းရှိပြီး အရင်အပတ်တွေကထက် လျော့ကျသွားခဲ့ပါတယ်၊ အလုပ်လက်မဲ့ဖြစ်မှုနှုန်းဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပြီးဖြစ်တဲ့ လက္ခဏာတွေရှိပါတယ်" လို့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုကုမ္ပဏီ Charles Schwab မှ ရစ်ချတ်ဖလင်းန် က ပြောပါတယ်။

"ဒီအချိန်မှာ အဓိကကျတဲ့ မေးခွန်းတွေက စီးပွားရေးက ဘယ်အချိန်ပြန်ဖွင့်နိုင်မှာလဲနဲ့ အဲဒီအချိန်မှာ ဘာတွေဖြစ်မလဲဆိုတာပါပဲ" လို့ ရစ်ချတ်က ဆိုပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ ကမ္ဘာတစ်ဝှမ်းလုံးဟာ ၁၉၃၀ ပြည့်လွန်နှစ်များနောက်ပိုင်း စီးပွားရေး သိသာစွာ နှေးကွေးကျဆင်းမှုကို ရင်ဆိုင်နေရတယ်လို့ သတိပေးထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က