သူမရင်ထဲက စကားတွေကို အခုလို ပြောပြလာပါတယ်။

ခရစ္စတီးနားကတော့ တစ်နေ့အလုပ်လုပ်မှ တစ်နေ့စားရတဲ့ မိသားစုဝင်တွေအတွက် တတ်နိုင်သလောက်အလှူအတန်း လုပ်ခွင့်ရခဲ့တဲ့အပေါ် သူမရင်ထဲက ခံစားချက်တွေ ပြောပြလာပါတယ်။ 

သရုပ်ဆောင် ခရစ္စတီးနားဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရသူတွေအတွက် We Love Yangon မှာ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာလည်း လူတန်းစားအလွှာ အသီးသီးက စီးပွားရေး အဆင်မပြေမှုတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“အခုချိန်မှာ လူတန်းစားအလွှာအသီးသီးက ဝင်ငွေအကုန်ထိခိုက်တာ။ စီးပွားရေး သမားတွေကအစပေါ့။ တစ်နိုင်တစ်ပိုင် ဆိုင်ဖွင့်ထားတဲ့သူတွေဆိုရင်လည်း ဈေးဝယ်သူတွေ မလာတော့တဲ့အချိန်မှာ ဆိုင်တွေ ပိတ်လိုက်ရတယ်။ လက်လုပ်လက်စားသမားတွေက အဆိုးဆုံးပေါ့နော်။ သူတို့မှာ ကြိုတင်ဝယ်စုထားနိုင်တဲ့ အင်အားမရှိတဲ့အတွက် ကိုယ်ချင်းလည်းစာပါတယ်။ စိတ်မကောင်းလည်း တော်တော်လေး ဖြစ်မိပါတယ်” ဆိုပြီးတော့ ဧပြီလ ၆ ရက်နေ့က သူမရဲ့ အလှူလေးမှာ ဖြေဆိုခဲ့တာပါ။ 

ခရစ္စတီးနားက ဧပြီလ (၆) ရက်နေ့ မနက်ပိုင်းက ဆန်(၅) အိတ် နဲ့ ဆီ တွေကို We Love Yangon ကနေတဆင့် သူမ တတ်နိုင်သလောက် ကုသိုလ်အလှူလုပ်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ COVID-19 ကာလကြောင့် အနုပညာအလုပ်တွေလည်း ရပ်နားထားတယ်လို့ သိရပါတယ်။ ကျန်းမာရေး ဂရုစိုက်မှုအနေနဲ့ အခုလက်ရှိ အပြင်မထွက်ပဲ အိမ်မှာနေတယ်လို့လည်း သူက ပြောပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ ဧပြီလ ၁၈ ရက်နေ့ မနက် (၈) နာရီအထိ (၉၄ )ဦးရှိပြီဖြစ်ပြီး သေဆုံးသူ (၅) ဦးရှိခဲ့ပြီလို့ သိရပါတယ်။

သူမဟာ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သင်္ကြန်အတွင်းမှာ အလုပ်တွေ လုပ်ခွင့်မရခဲ့တဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းတွေ ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ သရုပ်ဆောင်၊ အဆိုတော်တွေဆိုလည်း သင်္ကြန်တွင်းကာလမှာ အလုပ်တွေ လုပ်ရတော့ အားလုံးက မျှော်မှန်းထားကြတာပါ။ ဒီနှစ် သင်္ကြန်က ၅ ရက်ဆိုတော့ အားလုံးက အားခဲထားကြတာပေါ့နော်။ သင်္ကြန်နားနီးတော့မှ ဒီ ကပ်ဘေးရောဂါဆိုးကြီး ဖြစ်လာတော့ စိတ်လည်း အရမ်းထိခိုက်ကြပါတယ်။ မြန်မာ့နှစ်သစ်ကူးဆိုတော့လည်း အားလုံးက ပျော်ချင်ကြမှာလေ။ မပျော်ကြရတဲ့ ပရိသတ်တွေ အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

သရုပ်ဆောင် ခရစ္စတီးနားဟာ တစ်ခေတ်တစ်ခါက ဗီဒီယိုလောကမှာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတုန်းပါပဲ။ အရပ်မြင့်မြင့် ခန္ဓာကိုယ်လှလှ လေးတွေ ပိုင်ဆိုင်ထားတဲ့ မင်းသမီးတွေထဲမှာ ခရစ္စတီးနားလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က