နေခြည်ဦးဟာ COVID-19 ကာလ အိမ်မှာနေရတဲ့ အချိန်တွေက သူမအတွက်တကယ်ကို လာဘ်ကြီး တစ်ခုပါပဲလို့ ဆိုလာပါတယ်။
Photo: Nay Chi Oo
သရုပ်ဆောင် နေခြည်ဦးကတော့ Stay Home ကာလမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားအတွက် ပြောင်းလဲမှု တစ်ခုကို ဖန်တီးဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ Covid-19 ကာလမှာ သူ သိလိုက်ရတဲ့ သင်ခန်းစာ တစ်ခု ဖြစ်ကြောင်းပြောလာပါတယ်။
"Covid-19 ကမ္ဘာ့ကပ်ဘေးမှာ ရလိုက်တဲ့သင်ခန်းစာတစ်ခု။ ဒီကပ်ဘေးမှာ နေခြည်သိလိုက်တာတစ်ခုက ကျန်းမာခြင်းသည် တကယ့်ကို လာဘ်ကြီးတစ်ပါးပါဘဲ။ အခုလို ကူးစက်ရောဂါပျံ့ပွားနေတဲ့အချိန်မှာတောင် ကိုယ်ခံအားကောင်းတဲ့သူတွေမှာ အားသာချက်တွေရှိနေတယ်။ ဒီကပ်ကြီးပြီးသွားတဲ့အခါ #NewNormal မှာ ကိုယ့်ရဲ့ lifestyle ကို အကောင်းဆုံးစိတ်ကြိုက်ဖန်တီးယူဖို့ အကောင်းဆုံးအချိန်ဘဲလို့နေခြည်မြင်တယ်။နေခြည် က တော့ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ diet ကအစ ကိုယ့် skin and body care တွေပါ အသေးစိတ် ပြောင်းလဲနေပြီ။ chillies တို့ရော ??? ??❤️ Sharing is Caring Chillies ချစ်တဲ့ နေခြည်" ဆိုပြီးတော့ မေလ ၂၃ ရက်နေ့ နေ့လယ် ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
Photo: Nay Chi Oo
Stay Home ကာလမှာတော့ နေခြည်ဦးဟာ သူမ မဝတ်တော့တဲ့ အဝတ်အစားတွေကို ညီမငယ်လေးကို တချို့တစ်ဝက်ပေးပြီး ကျန်တဲ့ အဝတ်အစားတွေကိုတော့ မိခင်ဖြစ်သူကနေတဆင့် လှူလိုက်တယ်လို့ သိရပါတယ်။ COVID-19 ကူးစက်ရောဂါကြောင့် အနုပညာအလုပ်တွေ နားနေရတဲ့ အချိန်မှာ အိမ်မှာနေရင်း အားကစား လုပ်နေတဲ့ လှုပ်ရှားမှုလေးတွေကိုလည်း နေခြည်ဦးက ဓာတ်ပုံလေးတွေရိုက်ရင်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်လေ့ရှိပါတယ်။
Photo: Nay Chi Oo
နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။