တစ်ကမ္ဘာလုံးက ပုံမှန်အတိုင်း ပြန်မဖြစ်သေးဘူးလို့ဆိုပါတယ်။

ချစ်သုဝေဟာ COVID-19 ကာလမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မဖြစ်မနေအပြင်သွားရတဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန်တွေ သိပ်မရှိကြတော့တဲ့အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

Photo: Chit Thu Wai



ချစ်သုဝေ ကတော့ Covid-19 ကာလမှာ မဖြစ်မနေ အပြင်သွားနေကြပေမယ့်လည်း ကျန်းမာရေး ကာကွယ်မှုတွေ မလုပ်ကြသူတွေကို တွေ့နေရတယ်လို့ ဆိုပါတယ်။ ဒီရောဂါ ဟာ ပေါ့ဆလို့ မဖြစ်တဲ့ ရောဂါဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ 

"COVID ထိချက်ပြင်းလွန်းတဲ့အတွက် တစ်ကမ္ဘာလုံး Normal ပြန်မဖြစ်သွားပါဘူးနော်။ ဒါကြောင့် New normal life style နဲ့သာနေသွားရမှာပါ။ အခုကလေ မဖြစ်မနေ မဖြစ်လို့ ထွက်ရမယ့်လူတွေထွက်တဲ့အခါမှာဆောင်ရန်ရှောင်ရန်တွေပါ မလုပ်ကြဘူးလိုပဲ။ မစိုးရိမ်ကြတော့တာလား။ သွေးအေးသွားတာလား။ မပေါ့ဆပါနဲ့နော်။ ပြီးတော့ COVIDဖြစ်ပြီးတဲ့အခါမှာ ကမ္ဘာကပိုစိမ်းလန်းလာတယ် ဒီကောင်းမွန် စိမ်းစိုလာတဲ့ပတ်ဝန်းကျင်ကို TREZAတို့တွေဆက်လက်ပြီး အလေ့ကျင့်ကောင်းတွေနဲ့ဝိုင်းထိန်းသိမ်းရမှာပါနော်" ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Chit Thu Wai

ချစ်သုဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို မကြာခဏ သွားရောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။  

Photo: Chit Thu Wai

အဆိုတော်ချစ်သုဝေကတော့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားတာ တွေ့ရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က