ကလေးတွေရော၊ ဝန်ထမ်းတွေရော အဆင်ပြေအောင် ဖြည့်ဆည်းပေးထားပါတယ်။

ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ အလှူရှင်တွေ မရှိတာကြောင့် ဂေဟာမှာရှိတဲ့ ကလေးတွေအတွက် အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Khin Hnin Wai



ခိုင်နှင်းဝေကတော့ COVID-19 ကာလမှာ သူမရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများရိပ်မြုံ” မှာရှိတဲ့ ကလေးတွေအတွက် အစားအသောက်အတွက် အခက်အခဲလေးတွေ ကြုံနေရတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အစ်မမှာ အခုဆိုရင် ကလေးအယောက်(၃၀) ရှိတယ်။ ကလေးတွေကလည်း နို့စို့ကလေးအရွယ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ကုန်တယ်။ နို့မှုန့်ဆိုရင် တစ်လကို ၂၅ သိန်းလောက်ကုန်တယ်။ ထမင်းအခုမှ စကျွေးလို့ရတဲ့ ကလေးတွေကတော့ ၁ နှစ်ထက်အကြီး ကလေး (၇)ယောက်၊ (၈) ယောက်လောက်ပဲရှိတယ်။ ဒီအချိန်မှာ အလှူရှင်တွေကလည်း လာမှာ မဟုတ်ဘူးလေ။ ကိုယ်ကိုယ်တိုင်တောင် အခက်အခဲဖြစ်နေတာ ကိုယ့်ထက်ပိုအဆင်မပြေတဲ့သူတွေ ဘယ်လိုများရှိနေမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဒီအချိန်မှာ အလှူလုပ်ပေးဖြစ်တာလည်းပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Khin Hnin Wai

ခိုင်နှင်းဝေဟာ ဂေဟာမှာ တာဝန်ယူနေရတဲ့ ဝန်ထမ်းတွေကိုလည်း အပြင်မထွက်ရလေအောင် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ဖြည့်ဆည်းပေးထားတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေး ကိုလည်းသေသေချာချာ စောင့်ရှောက်နေတယ်လို့ သူက ပြောပါတယ်။ 

“ အခုလိုအချိန်မှာ ဂေဟာထဲက လူတွေလည်း အတတ်နိုင်ဆုံး အပြင်မထွက်ရအောင် စားနပ်ရိက္ခာတွေကို ဂေဟာထဲမှာ ထည့်ထားပေးတယ်။ တကယ်လို့များ အလှူရှင်တွေ လာမယ်ဆိုရင်လည်း အစ်မ ကိုယ်တိုင်က အစ ဘေစင်မှာ လက်ဆေးဖို့ HandGel သုံးပြီးမှာအထဲဝင်ဖို့ရယ်၊ ခန္ဓာကိုယ်ဖြန်းတဲ့ ပိုးသတ်ဆေးကို ခြေထောက်ကအစ အကုန်လုံးပေါ့နော် ဖြန်းပြီးမှ အထဲဝင်ဖို့အတွက် စီစဉ်ပေးထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Khin Hnin Wai

ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစုဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Khin Hnin Wai

ခိုင်နှင်းဝေ(Khine Hnin Wai )ဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေးအယောက် (၃၀) ကို မွေးစားထားတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။သူမဟာ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က