ဦးတီ နဲ့ တီဝဲ ဆီကလည်း မုန့်ဖိုးရတယ်။

မေတိုးခိုင်ကတော့ Stay Home ကာလမှာ မိသားစုနဲ့ အတူတူ နေ့ရက်တိုင်းကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။ 

Photo: May Toe Khine



COVID-19 ကာလကြောင့် အနုပညာရှင်တော်တော်များများလည်း အလုပ်တွေ ခဏရပ်နားထားကြတယ်လို့ သိရပါတယ်။ မေတိုးခိုင်ကလည်း သူမရဲ့ Stay Home တစ်နေ့တာ ဖြတ်သန်းမှုတွေအကြောင်း Duwun Media ကနေ အခုလို ပြောပြလာပါသေးတယ်။ 

“ Stay Home ကာလလည်းဖြစ်နေတော့ တစ်နေ့ တစ်နေ့ ဟိုဘက်အိမ်ကူးလိုက်၊ ဒီဘက်အိမ်ကူးလိုက်နဲ့ ကလေးတွေနဲ့လည်း ဆော့ဖြစ်တယ်။ ရုပ်ရှင်ကြည့်ဖြစ်တယ်။ အရင်တုန်းကထက်တော့ ကိုယ်လုပ်စရာရှိတာတွေ ပိုလုပ်လို့ ရတာပေါ့နော်။ လေ့ကျင့်ခန်းတွေလုပ်ဖြစ်တယ်။ ပြီးတော့ မိသားစုတွေနဲ့လည်း ထမင်းအတူတူစားဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: May Toe Khine

သရုပ်ဆောင် မေတိုးခိုင်က မေလ (၇)ရက်နေ့မှာ အသက်(၂၅) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ သူမရဲ့ မွေးနေ့မှာ မိသားစုဝင်တွေရဲ့ မွေးနေ့ လက်ဆောင်လေးတွေကြောင့် အမှတ်တရ ပိုဖြစ်ခဲ့ရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ဒီနှစ်က အသက်(၂၅) နှစ်ပြည့်တာဆိုတော့ ပရိသတ်တွေနဲ့ အလှူတစ်ခုခု လုပ်ဖို့ စီစဉ်ထားတာပါ။ COVID ကာလဖြစ်သွားတော့ အတူတူမလုပ်နိုင်ဘူး ဒါပေမယ့် ပရိသတ်တွေနဲ့ ပိုက်ဆံစုပြီးတော့ လမ်းပေါ်မှာ လိုအပ်နေတဲ့ သူတွေကို ပစ္စည်းလေးတွေ ဝေဖြစ်တယ်။ ဆန်၊ ဆီတွေပေါ့။ ပြီးတော့ မွေးနေ့လက်ဆောင် တွေက မေမေက ဖူးကြိုက်တဲ့ မုန့်တွေ အများကြီးနဲ့ Surprise လုပ်ပေးတယ်။ တီဝဲ နဲ့ ဦးတီက မုန့်ဖိုးပေးတယ်။ ဘွားဘွားကတော့ အရမ်းချစ်စရာကောင်းတဲ့ ရှေးခေတ်တုန်းက မှန်နဲ့ ဘီးလေး ပေးတယ်။ ကိုယ်ချစ်တဲ့သူဆီက မထင်မှတ်ပဲ ဘဝမှာ ပထမဆုံးမွေးနေ့ကိတ်မုန့်တွေ အများကြီးရလိုက်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: May Toe Khine

ဒီနှစ်မွေးနေ့မှာလည်း သူမက လက်ဒဏ်ရာလေးနဲ့ အမှတ်တရပါပဲတဲ့။ မေတိုးခိုင်ဟာ လက်ဒဏ်ရာကို မဖြစ်မနေ ဆေးခန်းသွားပြရပေမယ့် စည်းကမ်းလိုက်နာမှုရှိတဲ့ ဆေးခန်းတွေကြောင့် စိတ်သက်သာရာ ရတယ်လို့လည်း သူက ဆိုပါတယ်။  

“ လက်အနာကလည်း လွန်ခဲ့တဲ့ (၄)လလောက်က သံဘောင်တစ်ခုနဲ့ လက်ကို ရိုက်မိတာ။ အရွတ်နည်းနည်း ဒဏ်ရာရသွားတယ်။ အဲဒီတုန်းက သေချာမကုလိုက်တော့ အခုချိန်မှာ လေ့ကျင့်ခန်းတွေ လုပ်ရင်းနဲ့ ပြန်ထိတော့ ပြန်နာလာတဲ့အတွက် လက်ကို ပတ်တီးစည်းထားရတယ်။ အခုက နည်းနည်းတော့ သက်သာပြီ။ လက်ကို Pressure ပေးလို့တော့ မရဘူးပေါ့။ ဒီအချိန်မှာ တရုတ်ဆေးစည်းတာလေး သွားကုဖြစ်တယ်။ ဆေးခန်းတော်တော် များများကလည်း ဒီအချိန်မှာ ကျန်းမာရေးဂရုစိုက်မှုတွေ လိုက်နာနေကြတာ တွေ့တဲ့အတွက်လည်း စိတ်သက်သာရာ ရပါတယ်” လို့ ဆိုပါတယ်။ 

Photo: May Toe Khine

မေတိုးခိုင်ကိုတော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ကိုတော့ မိသားစုဝင်တွေကရော ပရိသတ်တွေကပါ ဖူးဖူး လို့ခေါ်ကြပါတယ်။ အခုဆိုရင်တော့မေတိုးခိုင်ဟာ တီဗီကြော်ငြာတွေ အများကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ အတူတူရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က