သူ့ရဲ့ Lighter လေးတွေကို တွေ့ချင်နေပါပြီတဲ့။

အလင်းရောင်ကတော့ COVID-19 ကာလပြီးတဲ့အချိန်ကျရင် သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ရဖို့ စီစဉ်မယ်လို့ ပြောပါတယ်။ 

Photo: A Linn Yaung



သရုပ်ဆောင် အလင်းရောင်ကတော့ COVID-19 ကာလပြီးတဲ့အချိန်မှာ သူချစ်ရတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့လည်း အရမ်းဆုံချင်တယ်လို့ သူက ပြောပါတယ်။ 

“ ဒီ Covid ကြီးပြီးရင် ကျွန်တော့်ရဲ့ Lighter လေးတွေနဲ့ Fan Meeting လေး တစ်ခုလောက် အတတ်နိုင်ဆုံး ကျွန်တော် ကြိုးစားပြီးတော့ လုပ်ပါမယ်။ နောက်ထပ် နောက်ထပ်တွေလည်း ထပ်ဆုံဖို့အတွက် အဲဒီလိုမျိုးလေး ဆုံချင်ပါတယ်။ အသေးစိတ်ကိုတော့ ပွဲလုပ်ဖြစ်မယ် ဆိုတာနဲ့ သေချာ ပြန်ပြောပေးပါ့မယ်” ဆိုပြီးတော့ မေလ ၂၂ ရက်နေ့တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: A Linn Yaung

အလင်းရောင်ဟာ သရုပ်ဆောင် ဘက်မှာသာမက ဂီတနဲ့ ပတ်သက်ပြီးတော့လည်း တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိထားသူ တစ်ယောက်ပါ။ ဒီအခွေ နဲ့ ပတ်သက်ပြီး အလှူလေးတွေ လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အလင်းရောင်က Live ထဲမှာ ပြောပြခဲ့ပါသေးတယ်။ 

“ မိုးတွင်းရောက်တော့မယ်ဆိုတော့ ကျွန်တော့် သီချင်းလေးတွေလည်း နားထောင်ပေးကြပါဦး။ အဲဒီအခွေ ထွက်တုန်းကဆိုရင် Lighter လေးတွေ ပေးထားတဲ့ အရုပ်တွေက အခန်းအပြည့်ပဲ။ အဲ့ဒီတော့ နေရာတိုင်းမှာ အလှထား ထားရင်လည်း အဆင်မပြေတော့ဘူးပေါ့။ အဲဒီတော့ ဈေးရောင်းပွဲတော် တစ်ခုမှာ အဲဒီအရုပ်တွေနဲ့ ကျွန်တော် ဇာတ်ကားရိုက်တုန်းက အဝတ်အစားတွေကို ရောင်းတယ်။ ရလာတဲ့ ငွေကို ကျွန်တော် လှူခဲ့ပါတယ်။ ဒီအလှူက Lighter လေးတွေနဲ့လည်း ဆိုင်ပါတယ်။ ဒါတွေ မပြောဖြစ်ဘူးဆိုတာက ပြောပြရမှာ အရမ်းပျင်းတဲ့ လူတစ်ယောက် ဆိုတော့ အခု ကြုံမှ ပြောပြလာတာပါ။ 

Photo: A Linn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က