အကယ်ဒမီ ပေးပွဲရက်ရွှေ့သွားတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ဆိုပါတယ်။

ထွန်းဝီရက COVID-19 ကြောင့် အကယ်ဒမီ ပေးပွဲ ရက်ရွှေ့လိုက်တဲ့ အပေါ် သူ့ရဲ့ ခံစားချက်နဲ့ Stay Home ကာလအတွင်း သူငယ်ချင်းတွေကို ဘယ်လောက်လွမ်းကြောင်း ရင်ဖွင့်ပြောပြထားပါတယ်။


ထွန်းဝီရ ကတော့ ၂၀၁၉ ခုနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ဦးအဖြစ် ပါဝင်မယ့် သူတစ်ယောက်ဖြစ်ပါတယ်။ COVID-19 ကြောင့် အကယ်ဒမီ ပေးပွဲ ရက်ရွှေ့လိုက်တဲ့ အပေါ်မှာ သူ့ရဲ့ သဘောထားကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။



“ ရွှေကြိုပွဲကြီး ပြီးတဲ့အချိန်မှာ အားလုံး အိမ်မှာ နေပါဆိုပြီး ဖြစ်ရော။ ပထမတုန်းကတော့ ငါတို့ အလှည့်ကျမှ ဖြစ်ရသလားဆိုပြီးတော့ စိတ်တိုမိတာမျိုးရှိတယ်။ ဒါပေမယ့် သေချာ ပြန်တွေးကြည့်လိုက်တော့ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ တစ်ကမ္ဘာလုံးက ဖြစ်နေတာဆိုတော့ အိမ်မှာ နေပါ ဆိုတာနဲ့ ကျွန်တော်တို့တွေ အကုန်လုံး အိမ်မှာပဲ နေတာများတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Htun Wira

COVID-19 ကာကွယ်ရေးအတွက် အိမ်မှာနေရတဲ့ အချိန်မှာ သူငယ်ချင်းတွေကို အရမ်း သတိရတယ်လို့လည်း ထွန်းဝီရ က ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ခန့်စည်သူရဲ့ အလှူကို လာရောက်ရင်း Duwun ကိုဖြေဆိုခဲ့တာပါ။ 

“ ဒီအချိန်မှာ အတွေ့ချင်ဆုံးကတော့ သူငယ်ချင်းတွေပါပဲ။ အရင်တုန်းက ကျွန်တော်က သူငယ်ချင်းတွေနဲ့ အပြင် အရမ်းသွားတဲ့ သူဆိုတော့ ဒီလို အခြေအနေကြီးမှာ သူတို့ကို အရမ်းသတိရတယ်။ ကပ်ကြီးပြီးသွားရင် ကျွန်တော်တို့သူငယ်ချင်းတွေ ဆုံပြီး သောက်မယ် စားမယ်၊ သွားမယ် လာမယ်ပေါ့။ ပြီးရင် တစ်ယောက် အိမ်ကို တစ်ယောက်သွားပြီး Sleep Mood ကြမယ်ပေါ့” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Htun Wira

ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမက ဇာတ်သဘင် အလုပ်တွေမှာပါ မြန်မာအဆို၊ အက တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကပြဖျော်ဖြေတတ်သူ တစ်ယောက်ပါ။ ပညာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ ဖြစ်ပြီး ရွှေကြိုပြိုင်ပွဲ ပထမအကြိမ်လူတွေ့ စစ်ဆေးတဲ့နေ့မှာပဲ သူ့ရဲ့ ဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က