ကူးစက်ခံရသူအရေအတွက် ပိုပြီးများပြားလာနိုင်ခြေရှိနေပါတယ်။

အာရှတိုက်အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၀ နီးပါးရှိလာခဲ့ပြီး အရေအတွက်ပိုများလာဖို့ရှိနေတယ်လို့လည်း သုံးသပ်မှု များရှိနေခဲ့ပါတယ်။

ကာတာအစိုးရအာဏာပိုင်များအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တည်ဆောက်မှုများဆက်လက် ပြုလုပ်နေဆဲဖြစ်သလို ရောဂါကူးစက်ခံရသူအရေအတွက်တိုးတက်လာပေမယ့်ကွင်းတည်ဆောက်မှုရေးများကို အကျိုးသက်ရောက်ထိခိုက်မှုတွေမရှိဘူးလို့ အတည်ပြုခဲ့မှုကို as.com ကဖော်ပြလာခဲ့ပါတယ်။



ကာတာနိုင်ငံအနေနဲ့ ရောဂါကူးစက်ခံရသူအရေအတွက် တစ်နေ့ထက်တစ်နေ့ တိုးပွားလာခဲ့တာဖြစ်ပြီး မတ်လ ၁ရရက်နေ့အတည်ပြုချက်များအရ သေဆုံးသူမရှိပေမယ့် ကူးစက်ခံရသူ ၄၃၉ ဦးအထိရှိလာခဲ့သလို ပြန်လည် သက်သာလာခဲ့သူ ၄ဦးနဲ့အတူ စောင့်ကြည့်နေဆဲလူပုဂ္ဂိုလ် ၂ဝဝကျော်ရှိနေဆဲဖြစ်တယ်လို့လည်း ဒေသခံသတ င်းဖော်ပြချက်တွေအရ သိရပါတယ်။



“ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အလျင်အမြန်ကူးစက်မှုနှုန်းကို နားလည်ပါတယ်။ ဒါပေမဲ့ ကွင်းတည်ဆောက်မှုတွေရပ်နား ရလောက်တဲ့အထိတော့ မဖြစ်သေးပါဘူး။ တာဝန်ယူထားသူအားလုံးကလည်း စည်းကမ်းတွေကိုတိတိကျကျလု ပ်ဆောင်နိုင်တာကလည်း အဓိကအချက်တစ်ခုပါ။ ကွင်းတည်ဆောက်မှုတွေအပေါ် အကျိုးသက်ရောက်ခြင်းမရှိ နိုင်ပါဘူး ” လို့ ကွင်းတည်ဆောက်ရေးတာဝန်ခံအယ်လ်မူလာက အတည်ပြုပြောဆိုလိုက်တာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကာတာနိုင်ငံအနေနဲ့ ကွင်းသစ် ၁ဝကွင်းမှာကျင်း ပပြုလုပ်မှာဖြစ်ပြီး လက်ရှိမှာ ၂ကွင်းပြီးစီးခဲ့ပြီဖြစ်သလို တည်ဆောက်ဆဲလက်ကျန်ကွင်း ၈ကွင်းမှာလည်း ရာနှုန်း ပြည့်နီးပါးပြီးစီးဖို့ အနီးစပ်အခြေအနေကိုရောက်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။

ကွင်းတည်ဆောက်ရေးအတွက် အရှိန်အဟုတ်မြှင့်ပြုလုပ်နေတဲ့ ကာတာနိုင်ငံအနေနဲ့ နိုင်ငံတကာကနေရောက် ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားများ၊ သယ်ယူပို့ဆောင်ရေးဝန်ထမ်းများကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနို င်မှုအများဆုံးဖြစ်လာနိုင်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် WHO အပါအဝင် နိုင်ငံအများစုက သုံးသပ်မှုတွေပြုလုပ်နေခဲ့ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က