မြန်မာနိုင်ငံမှာ သေဆုံးသူ ၆ဦးထိရှိလာခဲ့ပါပြီ။

ဒီကနေ့ သေဆုံးသူ လူနာနံပါတ် ၁၁၀ ကတော့ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ အထူးကြပ် မတ်ကုသမှုခံယူနေရသူဖြစ်ပြီး သွေးတိုးနဲ့ အမျိုးအစား(၂)ဆီး ချို ရောဂါအခံရှိသူ အသက် ၆၃နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။

COVID-19 ရောဂါပိုးရှိသူတစ်ဦး ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ နံနက ၁၁နာရီ ၁၅မိနစ်မှာ သေဆုံးခဲ့ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။ အခု သေဆုံးတဲ့လူနာကတော့ တောင်ဥက္ကလာပမြို့နယ်အထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာနံပါတ် ၁၁၀ ဖြစ်ပြီး ဧပြီလ ၂၂ရက်နေ့မှစ၍ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေခဲ့ရသူလို့လည်း သိရပါတယ်။



လူနာမှာ သွေးတိုးနဲ့ အမျိုးအစား(၂)ဆီးချိုအခံရှိပြီး သေဆုံးရတဲ့အကြောင်းရင်းကတော့ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှုလမ်းကြောင်းပျက်စီးခြင်း၊အသက်ရှုလမ်းကြောင်းအတွင်း ဘတ်တီးရီးယားပိုး ဝင်ရောက်ခြင်းနှင့် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါ တယ်။

လူနာမှာ ပြည်ပခရီးသွားရာဇဝင်မရှိသလို ပြည်တွင်းကူးစက်မှု ခံခဲ့ရသူတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။ အစောပိုင်းက လူနာနံပါတ် ၅၊၁၆၊၁၇၊၃၉နဲ့၈၆တို့ သေဆုံးနှင့်ပြီ ဖြစ်တာကြောင့် အခုသေဆုံးတဲ့ လူနာနံပါတ် ၁၁၀ က ၆ဦးမြောက် သေဆုံးသူ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၁၅၀ ဦးအနက် သေဆုံးသူ ၆ဦးနဲ့ ရောဂါပိုးပြန်လည်ကောင်းမွန်သူ ၁၆ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က