ကျန်းမာတဲ့လူတစ်ဦးရဲ့ ဆဲလ်အတွင်း COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်ခြင်းကို တားဆီးပေးပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတစ်ခုက လူ့ခန္ဓာကိုယ်ကို ကိုရိုနာဗိုင်းရပ်စ်ကနေ အကာအကွယ်ပေးနိုင်ပြီး လူတစ်ဦးကို လေးနာရီအတွင်း ဗိုင်းရပ်စ်ကင်းစင်စေတဲ့ ပဋိပစ္စည်းတစ်မျိုး ရှာဖွေတွေ့ရှိခဲ့ကြောင်း Fox News မှာ သတင်းဖော်ပြထားပါတယ်။

ကုထုံးတစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ အလေးအနက် ဖော်ပြချင်ပါတယ်၊ ၁၀၀ ရာခိုင်နှုန်း အလုပ်ဖြစ်တဲ့ အဖြေတစ်ခုရှိပါတယ်


(Photo: Reuters)

ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုမြို့အခြေစိုက် Sorrento Therapeutics ဇီဝနည်းပညာကုမ္ပဏီက သောကြာနေ့ (မေ ၁၅ ရက်) နှောင်းပိုင်းမှာ ၎င်းတို့ရဲ့ ရှာဖွေတွေ့ရှိမှုကို ထုတ်ဖော်ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ၎င်းတို့ စမ်းသပ်လေ့လာလမှုကနေ တွေ့ရှိထားတဲ့ STI-1499 လို့ခေါ်တဲ့ ပဋိပစ္စည်းဟာ ကျန်းမာတဲ့လူတစ်ဦးရဲ့ ဆဲလ်တစ်ခုအတွင်း ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဝင်ရောက်ခြင်းကို တားဆီးပေးတယ်လို့ သိရပါတယ်။

စမ်းသပ်လေ့လာမှုတွေအရ STI-1499 ပဋိပစ္စည်းက COVID-19 ရောဂါဖြစ်မှုကို ၁၀၀ ရာခိုင်နှုန်း ဟန့်တားပေးနိုင်ကြောင်းနဲ့ ၎င်းကို ကုထုံးတစ်ရပ်အဖြစ် Sorrento Therapeutics က ခေါ်ဆိုခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေးတစ်မျိုး ဈေးကွက်အတွင်းမှာ မရရှိနိုင်မီ ၎င်းတို့ရဲ့ ကုထုံးကို လနဲ့ချီစောပြီး ရရှိနိုင်ကြောင်းလည်း အဆိုပါ ကုမ္ပဏီက ပြောထားပါတယ်။

ပဋိပစ္စည်းကို ခန္ဓာကိုယ်ထဲမှာ အဆင်ပြေပြေ ထည့်ပေးတာရှိမယ်ဆိုရင် လူတွေ ထိတွေ့မှုနည်းအောင် ခပ်ခွာခွာနေစရာ မလိုတော့ပါဘူး

(Photo: ScilexPharma)

ယခုတွေ့ရှိခဲ့တဲ့ ပဋိပစ္စည်းဟာ Sorrento က နယူးယော့ခ်ရှိ Mt Sinai School of Medicine နဲ့ ပူးပေါင်းထုတ်လုပ်နေတဲ့ ဆေးအတွက် ပေါင်းစပ်သွားမယ့် ပဋိပစ္စည်းတွေထဲမှ တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ "ကုထုံးတစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ အလေးအနက် ဖော်ပြချင်ပါတယ်၊ ၁၀၀ ရာခိုင်နှုန်း အလုပ်ဖြစ်တဲ့ အဖြေတစ်ခုရှိပါတယ်" လို့ Sorrento Therapeutics တည်ထောင်သူနဲ့ စီအီးအို ဒေါက်တာဟင်နရီဂျီက Fox News ကို ပြောပါတယ်။

"ကျွန်တော်တို့က ပဋိပစ္စည်းကို ခန္ဓာကိုယ်ထဲမှာ အဆင်ပြေပြေ ထည့်ပေးတာရှိမယ်ဆိုရင် လူတွေ ထိတွေ့မှုနည်းအောင် ခပ်ခွာခွာနေစရာ မလိုတော့ပါဘူး၊ ကြောက်ရွံ့စရာမရှိတဲ့ လွတ်လပ်တဲ့ လူအဖွဲ့အစည်းမှာ ပေါင်းသင်းဆက်ဆံနိုင်ပါတယ်" လို့ ဒေါက်တာဟင်နီရီက ဆိုပါတယ်။

(Photo: Sorrento Therapeutics)

လက်ရှိမှာ ကုမ္ပဏီအနေနဲ့ အမေရိကန် FDA (Food and Drug Administration) ထံမှ အရေးပေါ်အခြေအနေအတွက် ခွင့်ပြုပေးရန် လျှောက်ထားတင်ပြထားကြောင်းနဲ့ ခွင့်ပြုချက်မရရှိသေးကြောင်းည်း သိရပါတယ်။ COVID-19 ဖြစ်ပွားမှုကို ၁၀၀ ရာခိုင်နှုန်း ဟန့်တားပေးနိုင်တဲ့ ၎င်းတို့ရဲ့ ပဋိပစ္စည်းဆေးကို တစ်လလျှင် ၂၀၀,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်ကြောင်းလည်း Sorrento Therapeutics က ပြောခဲ့ပါတယ်။

ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ဈေးနှုန်းဟာ ၂၄၄ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့တယ်

Sorrento Therapeutics က COVID-19 ကို ရာနှုန်းပြည့် ဟန့်တားနိုင်တဲ့ ပဋိပစ္စည်း တွေ့ရှိထားကြောင်း ပြောဆိုခဲ့ပြီးနောက် စတော့ရှယ်ယာဈေးကွက်မှာ ၎င်းရဲ့ ရှယ်ယာဈေးနှုန်းဟာ ၂၄၄ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့တယ်လို့ Business Insider သတင်းက ဖော်ပြထားပါတယ်။

(Photo: Sorrento Therapeutics)

လက်ရှိအချိန်အထိ COVID-19 ကုသဆေးနဲ့ ကာကွယ်ဆေး အတည်ပြု ထွက်ပေါ်လာနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှာ အချိန်လု ကြိုးပမ်းနေကြဆဲဖြစ်ပြီး လူတွေနဲ့ စမ်းသပ်မှုတွေလည်း ရှိနေပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကြောင့် ယနေ့ (မေ ၁၆ ရက်) မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်း လူ ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာလည်း နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး လက်ရှိမှာ ၄.၆ သန်းကျော်လွန်လာပြီဖြစ်ပြီး ပြန်လည်သက်သာသူ ၁.၇ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က