COVID-19 ကန့်သတ်ချက်တွေကို အလွန်စောပြီး ရုပ်သိမ်းလိုက်ပါက ကူးစက်မှုတွေ ပြန်မြင့်တက်လာနိုင်ပါတယ်။

COVID-19 တိုက်ဖျက်ရေး အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ lockdown အစီအမံတွေကို အလွန်စောပြီး ရုပ်သိမ်းလိုက်ပါက လူသေဆုံးမှုဖြစ်စေတဲ့ တစ်ကျော့ပြန် ကူးစက်မှုများ ထိုးတက်လာနိုင်တဲ့ အန္တရယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးလိုက်ပါတယ်။

(Photo: Reuters)

WHO အကြီးအကဲ Tedros Adhanom Ghebreyesus အသွားအလာ ပိတ်ပတ်ကန့်သတ်မှုတွေကို သတိထားပြီး ဖြေလျှော့ပေးသင့်ကြောင်း ဧပြီ ၁၀ ရက်နေ့က ပြောပါတယ်။ COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ဟန့်တားရန်အတွက် ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown အစီအမံတွေကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြရာ စီးပွာရေးထိခိုက်မှုတွေလည်း ရှိနေပါတယ်။ လတ်တလောရက်များအတွင်း ဥရောပနိုင်ငံအချို့မှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နှေးကွေးလာခဲ့ပေမဲ့ အာဖရိကမှ နိုင်ငံများအပါအဝင် အခြားနိုင်ငံတွေမှာ ကူးစက်မှုမြင့်တက်လာမယ့် အခြေအနေတွေရှိနေကြောင်း WHO အကြီးအကဲက ပြောပါတယ်။

(Photo: AFP)

ယနေ့ (ဧပြီ ၁၁ ရက်) မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁.၇ သန်းကျော်နဲ့ သေဆုံးသူ ၁၀၀,၀၀၀ ကျော်အထိ မြင့်တက်နေပြီး ပြန်လည်သက်သာသူ ၃၈၀,၀၀၀ နီးပါးရှိခဲ့ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေမှာ ပါဝင်တဲ့ စပိန်၊ အီတလီကဲ့သို့ နိုင်ငံတွေက lockdown အစီအမံတွေ ဖြေလျှော့ပေးရန် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။



(Photo: Reuters)

"နိုင်ငံအချို့က အိမ်မှာနေရမယ့် အစီအမံတွေကို ဖြေလျှော့ပေးဖို့ ပြင်ဆင်နေကြတာ ကျွန်‌တော်သိပါတယ်၊ လူတိုင်းကို ဒီလို ကန့်သတ်မှုတွေကို ရုပ်သိမ်းပေးတာ WHO ကလည်း မြင်ချင်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ပိတ်ပင်ကန့်သတ်မှုတွေကို အလွန်စောပြီး ရုပ်သိမ်းလိုက်ခြင်းက သေဆုံးမှုတွေဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်မှု ပြန်ထိုးတက်လာမှုကို ဦးတည်သွားနိုင်ပါတယ်" လို့ Tedros က သတိပေးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က