ကွင်းဝန်ထမ်းတစ်ဦး ကူးစက်ခံထားရတာပါ။

တစ်ပတ်အတွင်း စစ်ဆေးခဲ့တဲ့ ၁,၁၉၇ ဦးတွင် ၁ဦးသာ ရောဂါကူးစက်ခံထားရကြောင်း ပရီးမီးယားလိဂ်တာဝန်ရှိ သူများက အတည်ပြုခဲ့တာပါ။

ပရီးမီးယားလိဂ်အသင်းတစ်သင်းချင်းစီကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် စပါးအသင်းမှာ ရောဂါပိုးကူးစက်ခံထား ရသူတစ်ဦးရှိကြောင်း တာဝန်ရှိသူတွေရဲ့ သတင်းထုတ်ပြန်မှုကို စပါးအသင်းက ထပ်မံအတည်ပြုခဲ့ပြီဖြစ်တယ် လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အက်ဖ်အေရဲ့အတည်ပြုချက်အရ တတိယအကြိမ်မြောက်အဖြစ် စစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း ဘောလုံး ကစားသမားများ၊ အသင်းတာဝန်ရှိသူဝန်ထမ်းများကို အဓိကထားစစ်ဆေးခဲ့တာဖြစ်ပြီး စပါးအသင်းတစ်သင်း တည်းမှာပဲ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။



COVID-19 ရောဂါကို အဆိုးရွားဆုံးခံခဲ့ရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံကို ပြန်သွား ခဲ့တဲ့ ဆွန်ဟောင်မင်အပေါ် ပရိသတ်အချို့က စိုးရိမ်မှုတွေရှိခဲ့ပေမယ့် အသင်းရဲ့အတည်ပြုချက်အရ ကွင်းတာဝ န်ရှိသူ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

Thesun ရဲ့ဖော်ပြချက်မှာလည်း ရောဂါကူးစက်ခံထားရသူမှာ စပါးအသင်းရဲ့ ကွင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး လက် ရှိမှာကုသမှုခံယူနေပြီဖြစ်သလို ကာယကံရှင်ရဲ့လူ့အခွင့်အရေးကို လေးစားတဲ့အနေနဲ့ တိတိကျကျအတည်ပြု ထုတ်ပြန်ပေးမှာမဟုတ်ဘူးလို့လည်း အတိအလင်းဖော်ပြထားပြန်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဇွန် ၁ရရက်နေ့တွင် ပြန်လည်စတင်ဖို့လျာ ထားတာဖြစ်ပြီး လက်ရှိအချိန်အထိ ကစားသမား၊ ကွင်းတာဝန်ရှိသူ ၄,၉၀၀ ကိုစစ်ဆေးခဲ့ရာမှာ COVID-19 ကူး စက်ခံထားရသူ ၁၃ဦး တွေ့ရှိခဲ့တာဖြစ်ပြီး အချို့မှာပြန်လည်သက်သာနေခဲ့ပြီဖြစ်တယ်လို့လည်း သတင်းဖော်ပြမှု တွေအရ သိရပါတယ်။

Share

Loading Next Article...
က္က