ဇော်ဝင်းထွဋ်ရဲ့ သွေး အဖြေကလည်း တိတိကျကျ မထွက်သေးဘူးလို့ သိရပါတယ်။

ဇော်ဝင်းထွဋ်၏ မိခင်ဖြစ်သူ အဆိုတော်ကြီး ထား ဟာ COVID-19 ကူးစက်ခံနေရတယ်ဆိုပြီး သတင်းတွေ ပြန့်နေခဲ့တာပါ။

Photo: Zaw Win Htut



ဧပြီလ (၁၉) ရက်နေ့က COVID-19 Positive လူနာများထဲမှာ အဆိုတော် ဇော်ဝင်းထွဋ်၏ မိခင် အဆိုတော်ကြီး ထား လည်းပါဝင်တယ်ဆိုတာ သတင်းအမှားသာဖြစ်ကြောင်း အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက ပြောပါတယ်။ လက်ရှိမှာ Quarantine ဝင်နေတဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အခြေအနေကိုလည်း အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။ 

"ကိုညီထွဋ်မိခင် အန်တီထား သတင်းက ကောလဟလပါ။ သူ့အိမ်မှာ ကျန်းကျန်းမာမာရှိနေပါတယ်။ အစ်ကိုကိုယ်တိုင်လည်း မစစ်ရသေးပါ။ Negative ဆိုတာလည်း ဖွနေတာပါ။ မဟုတ်မမှန်သတင်းတွေဖြန့်တာမျိုး၊ ကိုယ်ချင်းမစာနာ ဂျောင်ကြိုဂျောင်ကြားကအတင်းအဖျင်းတွေကို နားစွန်နားဖျားတွေကြားပြီး ပြောဆိုနေကြတာဟာ ကာယကံရှင်မိသားစုနေရာကနေ ကိုယ်ချင်းစာစိတ်လေးတရွေးသားလောက်ထည့်စဉ်းစားပေးနိုင်ရင်ကို လူဆန်လွန်းလှပါပြီ။ တကယ်တောင်းပန်ပါတယ်။ မဟုတ်တာတွေပြောဆိုနေကြတော့ ဘယ်သူက ဘာများအကျိုးအမြတ်ထွက်မှာမို့လို့လဲဗျာ။ ကိုယ်ချင်းစာတရားလေး ထားပေးခြင်းဖြင့် လူပီသနိုင်ကြပါစေဗျာ" ဆိုပြီးတော့ဧပြီလ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။ ဒီ စာသားကိုလည်း ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မေအုန်းကလည်း ပရိသတ်သိအောင် ပြန်လည်မျှဝေထားတာ တွေ့ ရပါတယ်။ 

Photo: Aye Zaw Moe

အဆိုတော် ဇော်ဝင်းထွဋ်ဟာ ဧပြီလ (၁၇) ရက်နေ့က COVID-19 ရောဂါကာကွယ်ရေး စင်တာတစ်ခုဖြစ်တဲ့ လှိုင်မြို့နယ်ရှိ အမရာဆောင်မှာ Quarantine ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း COVID-19 ရောဂါမရှိဖို့ မျှော်လင့်နေကြပါတယ်။ အခုဆိုရင်တော့ အဆိုတော် ဇော်ဝင်းထွဋ်ဟာ Quarantine ဝင်ခဲ့တာ ဧပြီလ ၂၀ ရက်နေ့မှာ (၃) ရက်မြောက်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေတယ်လို့ သူ့ရဲ့ အမာခံပရိသတ်တစ်ဦးက ဇော်ဝင်းထွဋ်ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Aye Zaw Moe

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။

Photo: May Khine Ohn

Covid-19 အခြေအနေနဲ့ပတ်သက်ပြီး ဇော်ဝင်းထွဋ် လိုပဲ အခြားအနုပညာရှင် တချို့လည်း Quarantine ဝင်နေရတာ တွေ့ရပါတယ်။ Covid -19 ကူးစက်ရောဂါပိုး မကူးစက်စေဖို့ ကာကွယ်ရသင့်တဲ့အရာတွေကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က