အဆိုတော်မျိုးကြီး ဆိုပြီး သတင်းအမှားတွေ ထွက်ပေါ်လို့ နေတာပါ။

ဧပြီလ(၁၂) ရက်နေ့ နံနက်(၂)နာရီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Covid - 19 Positive လူနာတွေထဲမှာ အဆိုတော် မျိုးကြီး ပါသွားပြီလို့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သတင်းတွေ ပြန့်နေခဲ့တာပါ။

 

Photo : Lone Lone Lwin



ဧပြီ(၁၂) ရက်နေ့ နံနက်(၂)နာရီက အင်းစိန်မြို့နယ်မှာ Covid - 19 Positive လူနာ(၇) ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။ အဲဒီသတင်းတွေထဲမှာ အင်းစိန်မြို့နယ်မှာ နေထိုင်သူ အသက်(၄၄)နှစ် အမျိုးသားဟာ အဆိုတော် တစ်ဦးဖြစ်‌ကြောင်း လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန့်နေခဲ့ပြီးနောက် အဲဒီအမျိူးသားဟာ အဆိုတော် မျိုးကြီး ဖြစ်တယ်လို့ သတင်းအမှားတွေ ပြန့်နေခဲ့တာ ဖြစ်ပါတယ်။ ထိုသတင်းကို ကြားပြီး မျိုးကြီးရဲ့ ပရိသတ်တွေ ၊အနုပညာလောကသားတွေ အားလုံးစိတ်ပူလို့ နေကြပါတယ်။ 



Photo : Lone Lone Lwin

အဆိုပါ သတင်းတွေနဲ့ ပတ်သက်ပြီး အဆိုတော်မျိုးကြီးရဲ့ ဇနီးဖြစ်သူ လုံးလုံးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ပြန်လည် ရှင်းပြထားပါတယ်။

“Case 37 က ကိုမျိုးကြီးလုံးဝမဟုတ်ပါဘူး။စိတ်ပူပေးကြတာ ကျေးဇူးပါ။ God Bless You All” ဆိုပြီး ဧပြီ (၁၂) ရက်နေ့နေ့လည်‌လောက်က ရေးသားထားတာပါ။ လုံးလုံးရဲ့ ဖြေရှင်းချက်ဟာ စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် စိတ်အေးချမ်းသာ ရခဲ့ရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၃၈ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၂၆ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်‌တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)တို့က တစ်ဦးစီ ဖြစ်ပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

က္က