တစ်ခြားနိုင်ငံတွေမှာလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်

ပွာတိုရီကိုနဲ့ အမေရိကန်ပြည်နယ်အားလုံးမှာ ရှိတဲ့ လူထုဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ နေရာတွေကို Apple Maps ကနေ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Apple Maps မှာ COVID-19 test ဒါမှမဟုတ် Coronavirus test လို့ ရှာလိုက်တာနဲ့ မြေပုံပေါ်မှာ COVID-19 စစ်ဆေးတဲ့ နေရာတွေ ပြပေးနေမှာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။ ဒီ feature ဟာ အမေရိကန်ပြည်နယ် ၅၀ နဲ့ ပွာတိုရီကိုမှာ ရှိတဲ့ ဆေးရုံ ဆေးခန်းများ ၊ အရေးပေါ် ကျန်းမာရေးဌာနများ ၊ ဆေးဆိုင်များအပါအဝင် COVID-19 စစ်ဆေးတဲ့ နေရာတွေကို ပြပေးမှာပါ။



Photo: 9to5mac

COVID-19 ဟာ Apple Maps မှာ ဦးစားပေးရှာဖွေရေးတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တဲ့ နေရာတွေဟာ Apple Maps မှာ အနီရောင် ဆေးအမှတ်တံဆိပ်နဲ့ ပြမှာပါ။ အောက်မှာတော့ မြေပုံပါ နေရာရဲ့ နာမည် ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ ဝက်ဘ်ဆိုက်တွေကို ပြထားပါတယ်။

Apple Maps မှာ ဒီနေရာတွေကို သွားရောက်စမ်းသပ်ဖို့ ကြိတင်ချိန်းဆိုမှု လုပ်ဖို့ လိုမလို ၊ ဆရာဝန်ဆီက လွှဲစာ တောင်းမတောင်း ဆိုတာကိုပါ ဖော်ပြပေးနေပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ဆေးရုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာတွေကို COVID-19 စမ်းသပ်ရာနေရာတွေအဖြစ် Apple Maps ပေါ်မှာ မှတ်ပုံတင်ဖို့ အချက်အလက်တင်နိုင်မယ့် web portal တစ်ခု ဖြန့်ချိခဲ့ပါတယ်။

Photo: Mac Observer

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာမှာ လူတွေရဲ့ လှုပ်ရှားသွားလာမှု ပုံစံအပြောင်းအလဲတွေကို ကျန်းမာရေးတာဝန်ရှိသူများ ပိုမိုနားလည်စေဖို့ Apple ဟာ Mobility Trends site တစ်ခုလည်း တည်ဆောက်ထားပါတယ်။ ဒီဝက်ဘ်ဆိုက်သစ်ဟာ ပြီးခဲ့တဲ့ မေလလယ်အထိ မြို့ကြီးများနဲ့ နိုင်ငံ/ဒေသပေါင်း ၆၃ ခုမှာ မိတ်ဆက်ထားပြီး လက်ရှိမှာ လာ့စ်ဗီးဂတ်စ် ၊ နယူးအော်ရီလန်း ၊ ပို့လန် ၊ ဆော့တ်လိတ်ခ်စီးတီးနဲ့ ဆန်ဒီယာဂိုတို့လို မြို့ကြီးတွေအထိ တိုးချဲ့ထားတယ်လို့ဆိုပါတယ်။

Apple Maps ပေါ်မှာ COVID-19 စမ်းသပ်ဌာန တည်နေရာပြစနစ်ကို တစ်ခြားနိုင်ငံတွေမှာလည်း မကြာခင် ဖြန့်ချိသွားဖို့ ရှိပါတယ်။ Apple ဟာ Google နဲ့ ပူးပေါင်းပြီး iOS နဲ့ Android ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ခြေရာခံစနစ်တစ်ခု တည်ဆောက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က