ဒီဇင်ဘာလကတည်းက ရေးဆွဲခဲ့တာပါ

အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦးဟာ ကမ္ဘာတစ်လွှားက ကိုရိုနာဗိုင်းရပ်စ်သတင်းအချက်အလက်များ ဖော်ပြပေးမယ့် ဝက်ဘ်ဆိုက်တစ်ခု ရေးဆွဲခဲ့ပြီး အခုချိန်မှာ ဒီဝက်ဘ်ဆိုက်ကို ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိလာတယ်လို့ ဆိုပါတယ်။

ဝါရှင်တန်က အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ အဗီရှစ်ဖ်မန်းဟာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်အကြောင်း နောက်ဆုံးရ အချက်အလက်တွေ ဖော်ပြမယ့် Open-Sourced ဝက်ဘ်ဆိုက်တစ်ခုကို ရေးဆွဲခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် Mercer Island အထက်တန်း ကျောင်းသားဟာ ncov2019.live ဆိုတဲ့ ဝက်ဘ်ဆိုက်ကို ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ Bored Panda သတင်းက ဖော်ပြထားပါတယ်။



Photo: ncov2019.live

အဗီရှစ်ဖ်မန်းဟာ တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့နေကြောင်း သတင်းကြားရပြီးကတည်းက ဒီဖြစ်ရပ်ကို စောင့်ကြည့်ပြီး အချက်အလက် ထုတ်ပြန်ပေးနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီဝက်ဘ်ဆိုက်ကို သူရေးဆွဲချိန်မှာ အမေရိကန်အများစုဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ နာမည်တောင် မကြားဖူးသေးတဲ့ အချိန် ဖြစ်ပါတယ်။

Coding ရေးသားခြင်းကို ကိုယ့်ဘာသာ လေ့လာခဲ့တဲ့ အဗီဟာ သူ့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း အချက်အလက်တွေ အချိန်နဲ့ တပြေးညီ တက်နိုင်ဖို့ တစ်နေ့ကို ၆ နာရီ အထိ အချိန်ပေးမွမ်းမံခဲ့တယ်လို့ ဆိုပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ ဒုတိယမြောက်ဗားရှင်း မတင်ခင်မှာ သူ့ဟာ ညပိုင်းကနေ မနက် ၇ နာရီအထိ တစ်ပတ်လုံးလုံး အချိန်ပေးခဲ့တာပါ။

Photo: WITN

ဒီဝက်ဘ်ဆိုက် ဆက်လည်ပတ်နေဖို့ Buy Me a Coffee ဆိုတဲ့ Tab နဲ့ အလှူလက်ခံနေပါတယ်။ ကိုရိုနာဗိုင်းရပ်စအတွက် အချက်အလက် အရင်းအမြစ်တွေကို ဒေသအလို အစိုးရဝက်ဘ်ဆိုက်နဲ့ ကျန်းမာရေးဌာနများ ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ၊ ရောဂါ ထိန်းချုပ်ဟန့်တားရေးဌာန CDC နဲ့ နယ်သာလန်အခြေစိုက် သတင်းဌာနဖြစ်တဲ့ BNO News တို့ကနေ ရယူပါတယ်။

အခုဆို သူ့ဝက်ဘ်ဆိုက်ဟာ ၁၀ မိနစ်တိုင်း COVID-19 အကြောင်း အချက်အလက်သစ်တွေနဲ့ အလိုအလျောက်တင်ပေးနေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ တစ်ရက်တည်းမှာ အဗီရှစ်ဖ်မန်းရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူ ၃၅၀၀၀၀ ကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က