စိုးရိမ်ရတဲ့အနေအထားမဟုတ်ပါဘူး။

"ဒီပွဲကိုတက်ခဲ့တာ ကိုမျိုးကြီးလည်းပါတော့ သူတို့မိသားစုကလည်း စိတ်ချရအောင် Quarantine ဝင်တဲ့သဘောပါ" လို့ အင်းစိန်မြို့နယ် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်မဲဆန္ဒနယ် အမှတ် ၂ မှ ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။

Photo ; လုံးလုံးဝင်း



အင်းစိန်မြို့နယ်မှာ ရောဂါပိုးတွေ့ရှိပြီးနောက် ပိုးတွေ့လူနာတွေရဲ့ နေအိမ်နဲ့ပတ်ဝန်းကျင်က လူအားလုံးကို အသွားအလာ ကန့်သတ်ထားတယ်လို့သိရပါတယ်။ အဲဒီထဲမှာမှ Covid 19 ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဘာသာရေးအခမ်းအနားကို အတူတူတက်‌ေရောက်ခဲ့ရာမှာ အဆိုတော်မျိုးကြီးလည်း ပါဝင်တာကြောင့် သူတို့မိသားစုတွေကို Quarantine လုပ်ထားတယ်လို့ အင်းစိန်မြို့နယ်ကိုယ်စားလှယ်က ဆိုပါတယ်။

“ အင်းစိန်ကလူနာတွေက ဘာသာရေးပွဲတစ်ခုကနေ အစုလိုက်တွေ့တာဆိုတော့ ထိတွေ့ခဲ့တဲ့သူတွေ ပွဲတက်ခဲ့တဲ့သူတွေကိုတက်နိုင်သလောက်စုံစမ်းမှုတွေလုပ်နေတယ်။ ဒီနေ့အထိ ၁၃ယောက်ကို အင်းစိန်ဆေးရုံမှာ ဆေးစစ်ဆေးမှုတွေလုပ်သွားမယ်။ ဒီပွဲကိုတက်ခဲ့တာ ကိုမျိုးကြီးလည်းပါတော့ သူတို့မိသားစုကလည်း စိတ်ချရအောင် Quarantine ဝင်တဲ့သဘောပါ။ သူတို့မိသားစုကိုယ်တိုင်ဝင်ဖို့ပြောတာပါ၊နေအိမ်မှာလား အစိုးရက စီစဥ◌်ပေးထားတဲ့နေရာမှာလားဆိုတာကိုတော့သေချာမသိဘူး" လို့ အင်းစိန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လမဲဆန္ဒနယ် အမှတ် ၂ မှ ဦးေဝဖြိုးဟန်က Duwun ကိုေပြာပါတယ်။

Photo ; လုံးလုံးဝင်း

အဆိုတော်မျိုးကြီး မိသားစုကို Quarantine လုပ်ထားတာကလည်းသူတို့ကိုယ်တိုင် စိတ်ချရအောင် Quarantine လုပ်ဖို့တောင်းဆိုလာတာဖြစ်ပြီး လက်ရှိအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၄၁ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၂၉ ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်‌တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)တို့က တစ်ဦးစီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က