မိုးဟေကို ကတော့ လက်ရှိမှာ မိခင်ဖြစ်သူကို စောင့်ရှောက်ရင်း သူ့ရဲ့ ပိုးထည်တွေကို အွန်လိုင်းကနေ ရောင်းနေတယ်လို့ ဆိုပါတယ်။
photo: Bling
မိုးဟေကိုရဲ့ စီးပွားရေးအခြေအနေကတော့ ပိုးထည်ဆိုင်ရော၊ ထုတ်လုပ်ရေးကိုရော ပိတ်ထားတယ်လို့ သိရပါတယ်။ Covid ကာလဖြစ်တာကြောင့် ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ကို ပိုဂရုစိုက်နေရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။
Photo: Moe Hay Ko
မိုးဟေကို ဟာသူမရဲ့ ပိုးထည်ဆိုင်က ပိုးထည်တွေကို Online ကနေ တဆင့် ကိုယ်တိုင် ရောင်းချပေးနေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ ဆိုင်နာမည်ကို အသုံးချပြီး ငွေကြေးလိမ်လည်တာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။
Photo: Moe Hay Ko
မိုးဟေကိုက လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်နဲ့ ပတ်သက်လို့ တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။