သက်ဆိုင်ရာ ဝန်ကြီးဌာနများရဲ့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်။

" အောင်ဆန်း" ရုပ်ရှင်ဇာတ်ကားကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ပြန်လည်ရိုက်ကူးနေပြီလို့ သိရပါတယ်။ 

Photo: Aung San



Covid ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားထားရတဲ့ " အောင်ဆန်း" ရုပ်ရှင်ဇာတ်ကားကို အခုချိန်မှာ ပြန်လည်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားရိုက်ကူးရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန များရဲ့ ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

"ကိုဗစ်ကာလအတွင်း ခေတ္တရပ်နားထားသော ရုပ်ရှင်/ ဗီဒီယို ရိုက်ကူးရေးလုပ်ငန်းများကို (၂၇.၇.၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်ရိုက်ကူးခွင့် ပြုထားပြီးဖြစ်ပါသောကြောင့် ရပ်နားထားသော " အောင်ဆန်း " ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါသည်" ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်က အောင်ဆန်း Facebook Page မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Aung San

" အောင်ဆန်း" ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတချို့ကို ဒီနေ့ သြဂုတ်(၅) ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ 

"ယနေ့ ၂၀၂၀ ခုနှစ် သြဂုတ်လ (၅)ရက်နေ့ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ဇာတ်ဝင်ခန်းအချို့ကို စတင်ရိုက်ကူးခဲ့ရာ ပရိသတ်များနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း ရိုက်ကူးခွင့်ရနိုင်ပါရန် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့် ညှိနှိုင်းခွင့်ပြုချက်ရယူပြီး ကြာမြင့်ချိန် (၂) နာရီခန့် ရိုက်ကူးပြီးစီးခဲ့ပါသည်" ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။ 

Photo: Aung San

အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ 



Share

Loading Next Article...
က္က