သျှားထွဋ်အိန္ဒြာကတော့ Covid ကာလအတွင်း အိမ်မှာနေရင်းနဲ့ အလုပ်တွေ လုပ်ဖြစ်နေတဲ့အကြောင်း ပြောလာပါတယ်။
Photo: Shar Htut Eaindra
COVID-19 ကာလပြီးသွားရင်တော့ အလုပ်ကို နှစ်ဆတိုးပြီး ပိုလုပ်သွားမယ်လို့ သျှားထွဋ်အိန္ဒြာက ပြောပါတယ်။ အိမ်မှာနေရင်း Miss Universe Myanmar Organization နဲ့ အတူတွဲလုပ်ရတဲ့ အလုပ်တွေ လုပ်နေတယ်လို့ Duwun ကို ပြောပါတယ်။
“ သျှားက အခုလက်ရှိမှာတော့ Miss Universe Myanmar Organization က Instagram Live လေးတွေမှာ Miss Universe Myanmar 2020 ပြိုင်ပွဲဝင် ညီမလေးတွေနဲ့ အတူ Live အင်တာဗျူးလေးတွေ လုပ်ဖြစ်တယ်။ ပြီးတော့ သျှားက တော်တော်ကံဆိုးတယ်။ ဒီနှစ်မှာ သျှားရဲ့ Training အခန်းဖွင့်မှာ Miss Universe Myanmar ညီမငယ်လေးတွေတင်မကပဲ တခြား Personal Trainer အနေနဲ့ရော၊ Pageant Trainer အနေနဲ့ လုပ်နေတာလည်း တော်တော်များများသိကြပါတယ်။ Covid ပြီးသွားရင်တော့ အလုပ်ကို နှစ်ဆ ပိုကြိုးစားရမှာပေါ့။ ၂၀၂၀ ရဲ့ နှစ်ဝက်လောက်က ဘာမှ အကျိုးမရှိပဲ နေလိုက်ရတယ်လို့ ပြောရမှာပေါ့။ (၅) လ၊ (၆) လလောက် ဒီအတိုင်းနေခဲ့ရတာဆိုတော့ နောက်ထပ် နှစ်ဝက်လောက်မှာ ပိုကြိုးစားရမှာပေါ့”လို့ သူကဆိုပါတယ်။
Photo: Shar Htut Eaindra
သျှားထွဋ်အိန္ဒြာကတော့ Stay Home ကာလမှာ ဟင်းချက်တာတွေ၊ မုန့်လုပ်တာတွေ တော်တော်တတ်နေပြီလို့ ဆိုပါတယ်။သူမရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်းကို Duwun ကနေ ပြောလာပါတယ်။
Photo: Shar Htut Eaindra
သျှားထွဋ်အိန္ဒြာ ဟာ Miss Universe Myanmar 2014 ရရှိထားတဲ့ အလှမယ်လေး တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်တာကြောင့်လည်း မကြာခဏ သူငယ်ချင်းတွေနဲ့ အတူ ခရီးတွေ သွားနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့ Training ခန်းဖွင့်ဖို့စီစဉ်နေတယ်လို့လည်း သူကဆိုပါတယ်။