မိခင်ဖြစ်သူက ဆီးချိုကြောင့် ကျန်းမာရေးမကောင်းဘူးလို့လည်း သိရပါတယ်။

ခင်ဘုဏ်းကတော့ Covid Positive ကနေ ပြန်ကောင်းလာတဲ့ မိခင်အတွက် သူ့ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Khin Phone Pyi



အဆိုတော် ခင်ဘုဏ်းရဲ့ မိခင်ကတော့ လက်ရှိမှာ အသက်(၇၂) နှစ်ရှိပါပြီ။ သူမဟာ Covid Positive ကြောင့် ရိုးမအိမ်ယာမှာ Quarantine ဝင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီနေ့ စက်တင်ဘာလ(၂၂) ရက်နေ့မှာတော့ Quarantine ရက်ပြည့်သလို ရောဂါပိုးလည်း မရှိတော့တာကြောင့် အိမ်ပြန်ရတော့မယ်လို့ ခင်ဘုဏ်းက ဝမ်းသာ အားရနဲ့ ပြောပြလာပါတယ်။ 

" မင်္ဂလာနံနက်ခင်းပါရှင်။ မေမေက ဆီးချိုရှိပြီး ဖျားထားလို့ ကျွန်မက အရမ်းစိတ်ပူခဲ့ရပါတယ်။ ဒါပေမယ့် မေမေကတော့ စိတ်ဓါတ်ခွန်အားအပြည့်နဲ့ပဲ ဖြတ်သန်းခဲ့ပြီး အခုတော့သတ်မှတ်ထားတဲ့ရက်ပြည့်လို့ အိမ်ပြန်လို့ ရပါတော့မယ်။မေမေ့အတွက်စိတ်ပူပြီး ဆုတောင်းပေးကြသူများအတွက် ဝမ်းသာအောင် ပြောပြတာပါ။ အဖက်ဖက်က လူအားစိတ်အား တတ်နိုင်သမျှကူညီ စောင့်ရှောက် ကြသူများကို ကျေးဇူးတင်ပါတယ်" ဆိုပြီးတော့ စက်တင်ဘာလ(၂၁) ရက်နေ့ မနက် ၉ နာရီက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Khin Phone Pyi

ခင်ဘုဏ်းဟာ သူမရဲ့ မိခင်လိုမျိုး Covid-19 ကူးစက်ရောဂါကို အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့အတွက် Quarantine ဝင်နေရသူတွေကို အားပေးစကားဆိုခဲ့ပါတယ်။ 

" ကျွန်မတို့ ဘာပဲဖြစ်ဖြစ်စိတ်ဓါတ် ခွန်အားနဲ့ပဲ အားလုံးကိုကျော်ဖြတ်နိုင်ပါတယ်လို့ အားပေးချင်ပါတယ်။ အားမလျှော့ပါနဲ့နော်။ကမ္ဘာကြီးပေါ်က လူသားအားလုံးလည်း ဒီ ကပ်ဆိုးကြီးဘေးက လွတ်မြောက်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ #We_Can_Do_It ခင်ဘုဏ်း။ Covid ကြီးထွက်သွားရင် မေကြီးနဲ့တူတူ ညနေဖက်ဘုရားမှာ တရားထိုင်မယ်။ ဆင်တူလေးတွေ ဝတ်ပြီး လျှောက်သွားကြမယ် နော်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Khin Phone Pyi

ခင်ဘုဏ်း ကိုတော့ သင်္ကြန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က