အုပ်စိုးခန့်နဲ့ ယွန်းယွန်း တို့ရဲ့ သတင်းတွေအပေါ် အုပ်စိုးခန့်ကတော့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သူ့မှာ Crush ရမယ့် သူလည်းရှိတယ်လို့ ဆိုပါတယ်။
Photo: Oak Soe Khant Facebook
အုပ်စိုးခန့် နဲ့ သရုပ်ဆောင် ယွန်းယွန်းတို့ တွဲနေကြတာလားဆိုတဲ့ သတင်းတွေအပေါ် အုပ်စိုးခန့်ကတော့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဒီသတင်းတွေကြောင့်လည်း မိန်းကလေးဖြစ်တဲ့ ယွန်းယွန်းဘက်ကို အားနာရသေးတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ပြောပြလာတာဖြစ်ပါတယ်။
'' ကျွန်တော်တို့ နှစ်ယောက်ကို ပြောကြတယ် ဆိုပေမယ့် ကျွန်တော်ကတော့ မိန်းကလေးဘက်ကို အားနာတယ်။ ကျွန်တော်နဲ့ သူနဲ့ကတော့ ဒီအတိုင်းပါပဲ။ ကောလဟာလတွေ လာလည်း ဘာမှ မဖြစ်ဘူး။ ဒါတွေကတော့ သက်သက် အလကားလိုကြီးပါပဲ'' လို့ အုပ်စိုးခန့်က ပွင့်ပွင့်လင်း လင်းပြောပြလာတာဖြစ်ပါတယ်။
Photo: Oak Soe Khant Facebook
ပညာရေးဘက်ကို ဦးစားပေးဦးမယ်ဆိုတဲ့ အုပ်စိုးခန့်
ကောလဟလ သတင်းတွေအပေါ် ဖြေရှင်းချက်ထုတ်ခဲ့တဲ့ အုပ်စိုးခန့်ရဲ့ အချစ်ရေးကိုတော့ စိတ်ဝင်စားတဲ့ မိန်းကလေး ပရိသတ်တွေ များ ပါတယ်။ သူ့မှာ Crush နေတဲ့ ကောင်မလေး တစ်ယောက်တော့ ရှိတယ် ဆိုတာကို ပြောပြလာပါတယ်။
'' လက်ရှိကတော့ တစ်ယောက်တည်းဆိုပေမယ့် လူငယ်သဘာဝ Crush တာတို့တော့ ရှိတာပေါ့။ ကျွန်တော်က မမကို ပိုချစ်တယ်ဆိုတာ။ ပရိသတ်တွေ ကျွန်တော့် ကို မေးခွန်းတွေ အများကြီးမေးကတည်းက ဆံပင်ရှည်ရှည်နဲ့ မမတွေကို ပိုချစ်တယ်။ ယွန်းယွန်းနဲ့ကတော့ ကျွန်တော်က သူငယ်ချင်းလိုပဲ နေတာပါ၊ ပြီးတော့ ကျွန်တော့်အစ်မလိုပါပဲ'' လို့ ဆိုပါတယ်။
Photo: Oak Soe Khant Facebook
အွန်လိုင်းပေါ်ကနေ မကြာခဏ ပရိသတ်ကို သီချင်းသီဆိုပြတတ်တဲ့ အုပ်စိုးခန့်က အောက်တိုဘာလ ထဲမှာ သူ့ရဲ့ တစ်ကိုယ်တော်အခွေ ထွက် နိုင်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ အခွေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။
''ကျွန်တော် တစ်ကိုယ်တော်အခွေအတွက် အချောသတ်တွေလုပ်နေတယ်။ သီချင်းကတော့ ၁၄ပုဒ်ပါတယ်။ နောက်လမှာ အခွေထုတ်မယ်။ အကောင်းဆုံးကြိုးစားထားတယ်။ သီချင်းခေါင်းစဉ်ကိုလည်း ရွေးပြီးသွားပြီ ဒါကတော့ လျှို့ဝှက်ချက်ပါ။ သီချင်းတွေကိုလည်း ရသမျိုးစုံ ခံစားလို့ ရအောင် ထည့်ထားပေးပါတယ်'' လို့ သူကဆိုပါတယ်။
Photo: Oak Soe Khant Facebook
အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ချစ် နေပြီ ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလို တန်ခူးမေ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။