ကိုယ့်ရဲ့နှလုံးသားကို တဖြုတ်ဖြုတ်ကြွေသွားစေလောက်အောင် ကိုယ်ကချစ်နေရတဲ့သူတစ်ယောက်ရှိနေတာ ပျော်စရာကောင်းပါတယ်။
ဒါပေမယ့် ကိုယ့်ဘက်ကပဲ ကျိတ် crush နေရပြီး သူကတော့ သတိတောင်မထားမိဘူးဆိုရင်တော့ မမိုက်ဘူးနော်။ ဒီတော့ ကိုယ့်ကြွေနေရတဲ့ ကိုယ့် crush က သူ့ကို ကိုယ်ချစ်ကြိုက်နေကြောင်းသိအောင်ဖော်ပြဖို့ နည်းလမ်းလေးတွေကို သိထားဖို့လိုနေပြီနော်။
သူ့ကိုချစ်ကြောင်းစာတိုလေးတွေရေးပါ
Photo: Freepik
သူကြည့်နေကျမှန်မှာပဲဖြစ်ဖြစ် ကားမှန်မှာပဲဖြစ်ဖြစ် မင်းကိုငါချစ်တယ်ဆိုတာမျိုး နှုတ်ခမ်းနီနဲ့ရေးတာမျိုးလုပ်နိုင်ပါတယ်။ ဒါမှာမဟုတ် မေတ္တာစာစစ်စစ်ကို ချစ်ခြင်းမေတ္တာသင်္ကေတကိုဖော်ပြတဲ့ စာအုပ်လိုမျိုးမှာနှလုံးသားနဲ့ရေးတာမျိုးလုပ်သင့်ပါတယ်။
ဒါက crush ကို ချိုမြိန်တဲ့ခံစားချက်တစ်ခုရစေမှာပါ။ ကိုယ့်ဆီမှာ သူ့အတွက် အမြဲပေးဆပ်နေမယ့် နှလုံးသားတစ်စုံရှိနေတယ်ဆိုတာကို သူခံစားသိမြင်ခွင့်ပေးလိုက်ပါ။
အသေးစိတ်မှတ်ထားပါ
သူပြောခဲ့ဖူးတဲ့စကားတွေ၊ သူ့အကြိုက်တွေ၊ သူ့ခံစားချက်တွေကို အသေးစိတ်မှတ်သားထားပါ။ တစ်ချိန်မှာ အကြောင်းအရာတစ်ခုကိုပြန်ပြောချိန် သူသတိမထားမိတဲ့အရာတစ်ခုကို ကိုယ်ကပြောပြလိုက်ချိန်မှာ အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ ချစ်ခြင်းမေတ္တာကို သူခံစားရစေမှာပါ။ ဒီအပြုအမူက သူ့ကို ဘယ်လောက်အထိဂရုစိုက်သလဲဆိုတာကို ခံစားရစေပါတယ်။
အသေးစိတ်အချက်အလက်တွေ ဘယ်လောက်ပဲများနေပါစေ ကိုယ်ကမှတ်မိပေးနေတယ်ဆိုတာက တစ်ဖက်လူအတွက် အရမ်းကို ကြည်နူးစရာကောင်းစေပါတယ်။
Photo:istock
အတူအချိန်ဖြန်းပါ။
ကိုယ်ချစ်နေတဲ့သူကို အသိပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ သူနဲ့အတူအချိန်အတော်များများကိုရှိနေတတ်တာမျိုးပါ။ သူ့ရဲ့အကောင်းဆုံးအချိန်တွေတိုင်းကို အတူတကွဖြုန်းကြတာမျိုးကို ဆိုလိုပါတယ်။
တစ်ခါတစ်လေရုံးမှာ စကားပြောဖို့အခွင့်အလမ်းနည်းနေရင်တောင် ရေသောက်ချိန်ရေအေးစက်အနီးကို အတူလျှောက်ပြီး စကားစမြည်ပြောနိုင်ပါတယ်။ ရင်းနှီးမှုမရှိသေးဘူးဆိုရင်လည်း သူငယ်ချင်းတွေနဲ့ဘားမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့အချိန်မျိုးမှာ ဝင်လုံးပြီးရင်းနှီးဖို့ကြိုးစားပါ။ နည်းလမ်းတွေကတော့ မင်းသူနဲ့ဘယ်လောက်အထိ ရင်းနှီးချင်သလဲဆိုတဲ့စိတ်ခံစားချက်အပေါ်မူတည်ပါတယ်။
ရင်ခုန်ဖို့ကောင်းတဲ့အပြုအမူတွေဖန်တီးပါ
တစ်ခါတစ်လေမှာ စကားလုံးတွေထက် ကိုယ့်ရဲ့အပြုအမူတစ်ရပ်က သူ့အတွက်စိတ်လှုပ်ရှားစရာဖြစ်နေတတ်ပါတယ်။ စကားပြောရင်း လက်နဲ့ထိတွေ့တာမျိုး လက်ချောင်းကလေးတွေနဲ့ တို့လိုက်တာမျိုးက တစ်ဖက်လူအတွက် ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။
အတူထိုင်နေတဲ့အချိန်ဖြစ်ဖြစ်၊ စကားပြောနေတဲ့အချိန်မျိုးမှာဖြစ်ဖြစ် လက်ချင်းချိတ်ထားတာမျိုးက ထိရောက်တဲ့ သတင်းစကားကိုပေးနိုင်ပါတယ်။ သူ့ကို လေးစက္ကန့်လောက်ကြာအောင်စိုက်ကြည့်တာမျိုးလုပ်ပြီး ရုတ်တရတ်အကြည့်လွှဲလိုက်တာ ဘေးဘယ်ညာကိုကြည့်တာမျိုးလုပ်ပေးပါ။ အပြုအမူတိုင်းက သူနဲ့ပတ်သက်လာရင် သူငယ်ချင်းအဆင့်ထက်ပိုချင်တယ်ဆိုတာမျိုးကို ရိပ်မိလာအာင် သေချာနေပါစေ။
Photo: Freepik
အာရုံစိုက်နားထောင်ပါ
crush က သူ့ရဲ့ခံစားချက်တွေ၊ ဒါမှမဟုတ် ရယ်စရာပျော်စရာတွေကို ဝေမျှပြောဆိုနေချိန်မှာ ဂရုတစိုက်နားထောင်ပေးပါ။ သူ့နဲ့အတူ ဟက်ဟက်ပက်ပက်ရယ်မောတာ၊ စိတ်မကောင်းစရာတွေကို နှစ်သိမ့်ပေးတာတွေက တစ်ဖက်လူက ကိုယ့်အပေါ်သံယောဇဉ်ပိုတွယ်လာစေနိုင်ပါတယ်။
သူစကားပြောနေချိန်မှာ စိတ်မဝင်စားသလိုနဲ့ Facebook Newsfeed ကိုပွတ်နေတာ၊ Instagram မှာ Like ဘယ်လောက်ရနေသလဲ ကြည့်နေတာမျိုးကို ရှောင်ရှားသင့်ပါတယ်။
ချီးကျုးပါ
သူ့ရဲ့အရည်အချင်းတွေနဲ့ပတ်သက်ပြီး ချီးကျုးဖို့အတွက် ဘယ်တော့မှ ဝန်မလေးပါနဲ့။ မင်းဆီမှာ ကြီးမြတ်တဲ့နှလုံးသားရှိပြီး ဖော်ရွေတတ်သူဆိုတာကို တစ်ဖက်လူကမြင်တွေ့နိုင်ပါတယ်။
Photo: Freepik
သူ့သူငယ်ချင်းတွေကို သူ့အကြောင်းပြောပါ
ကိုယ်ကသူ့ကို စွဲစွဲလမ်းလမ်းဖြစ်နေကြောင်းကို သွယ်ဝိုက်တဲ့နည်းနဲ့နောက်ထပ်ပြနိုင်တဲ့နည်းလမ်းတစ်ခုကတော့ သူ့သူငယ်ချင်းတွေကို သူ့အကြောင်းပြောပြတာပါ။ ဒီနည်းလမ်းက ဘယ်တော့မှာရိုးမသွားတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။
သေချာတာတစ်ခုက ဒီလျှို့ဝှက်ချက်တိုင်းမှာ အောင်သွယ်သူငယ်ချင်းဆိုတာ အမြဲလိုအပ်ပါတယ်။ မင်းရဲ့လျှို့ဝှက်ချက်ကိုဖော်ပြပြီး နှစ်ပတ်လောက်အတွင်းမှာပဲ crush ဆီက တစ်ခုခုထူးခြားတဲ့ တုံ့ပြန်မှုရလာမယ်ဆိုတာ သေချာပါတယ်။