ထရမ့်ရဲ့ လက်ထက်မှာ စည်းမျဉ်းဥပဒေ ခိုင်မာလာရင် Crypto ကဏ္ဍက တည်ငြိမ်မှုနဲ့ တရားဝင်အသိအမှတ်ပြုမှု ရတော့မှာပါ။

သမ္မတသစ်ထရမ့်လက်ထက်မှာ Crypto Investor တွေ တော်တော်ပျော်နေကြပါတယ်။

တစ်နေ့ကပဲ ထရမ့်က Crypto ငွေကြေးသုံးစွဲမှုမြှင့်တင်ရေး အမိန့်တစ်ရပ် လက်မှတ်ထိုး ထုတ်ပြန်ခဲ့လို့ပါ။ ထရမ့်ဟာ အိမ်ဖြူတော်ရဲ့ Crypto နဲ့ AI ပိုင်း အကြီးအကဲအဖြစ် အရင်းရှင် Venture capitalist တစ်ဦး ဖြစ်တဲ့ ဒေးဗစ် ဆက်ခ်ကို ခန့်အပ်ထားပါတယ်။

ထရမ့်ရဲ့ လက်ထက်မှာ စည်းမျဉ်းဥပဒေ ခိုင်မာလာရင် Crypto ကဏ္ဍက တည်ငြိမ်မှုနဲ့ တရားဝင်အသိအမှတ်ပြုမှု ရတော့မှာပါ။ အရင်က Crypto တွေကို ဝေဖန်ခဲ့တဲ့ ထရမ့်က အခုသက်တမ်းမှာ Crypto ဖွံ့ဖြိုးရေး အားပေးလာနေသလို သူ့အစိုးရထဲမှာလည်း Crypto လိုလားသူတွေ အရင်ထက် ပိုများလာပါတယ်။


ဒီအတွက်လည်း Crypto ဈေးကွက်အပေါ် အကောင်းမြင်မှုတွေ ရှိနေကြတာပါ။ ကမ္ဘာ့ထိပ်တန်း Crypto Exchange တစ်ခုဖြစ်တဲ့ Binance CEO ရစ်ချတ်တန်ကလည်း ဒီနှစ်ထဲမှာ Crypto ဈေးကွက်ဟာ အမြင့်ဆုံးရောက်လာမယ်လို့ ထုတ်ပြောလာပါတယ်။

Crypto တွေ ဘယ်လောက် အလားအလာရောက်လာမလဲ မပြောနိုင်သေးပေမယ့် မကြာသေးခင်ကတော့ Bitcoin တန်ဖိုး ‌ဒေါ်လာ ၁၀၄၀၀၀ နားအထိ တက်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က