ဒေဝါလီခံဖို့တရားရုံးမှာ လျှောက်ထားပါတယ်

ကနေဒါရဲ့ အကြီးဆုံး cryptocurrency exchange လုပ်ငန်းတစ်ခုရဲ့ founder ရုတ်တရက် ကွယ်လွန်ခြင်းကြောင့် ဒေါ်လာ သန်း ၁၉၀ တန် ဆုံးရှုံးမှုနဲ့ကြုံတွေ့နေပါတယ်။

         QuadrigaCX ရဲ့ တည်ထောင်သူ ဂါရဲလ်ကော်တန် (အသက် ၃၀နှစ်) ဟာ အူယောင်ငန်းဖျားရောဂါနဲ့ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ရုတ်တရက် ဆုံးပါးခဲ့တာပါ။ သူဟာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေပါဝင်တဲ့ လက်ပ်တော့ရဲ့ စကားဝှက်ကို ဘယ်သူ့မှ ပေးမသိခဲ့တာကြောင့် ကနေဒါဒေါ်လာ သန်း ၁၈၀ (ဒေါ်လာ ၁၃၇ သန်းဖိုး) တန် ဖောက်သည်တွေရဲ့ crypto-coin တွေကို ထုတ်မရဖြစ်နေတယ်လို့ဆိုပါတယ်။

Photo: btcnn

         အိန္ဒိယကို ခရီးထွက်နေစဉ် သေဆုံးသွားတဲ့ ကော်တန်ဟာ cryptocurrency exchange အတွက် key ကို cold wallet အဖြစ် offline သိမ်းဆည်းခဲ့ပြီး ဒီ စကားဝှက်ကိုလည်း သူပဲ သိထားတာ ဖြစ်ပါတယ်။ QuadrigaCX ဟာ bitcoin အပါအဝင် cryptocurrency မျိုးစုံ အရောင်းအဝယ် လုပ်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး သူ့နာရေးသတင်းနဲ့အတူ အခုလို ငွေတွေ ဆုံးရှုံးပြီဆိုတဲ့ သတင်းကြောင့် တရားတဘောင်တွေ ဖြစ်နေပါတယ်။

         Nova Scotia အထက်တရားရုံးမှာ ထွက်ဆိုတဲ့ ကော်တန်ရဲ့ ဇနီးသည် ဂျနီဖာရောဘတ်ဆန်ရဲ့ အဆိုအရ သူ့လက်ပ်တော့ထဲမှာ cryptocurrency နဲ့ငွေသားပေါင်း ဒေါ်လာ သန်း ၁၉၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ သူမကိုယ်တိုင်လည်း ကော်တန်ရဲ့ encrypt လုပ်ထားတဲ့ လက်ပ်တော့ကို ဖွင့်ဖို့စကားဝှက်နဲ့recovery key မသိကြောင်းလည်း ပြောထားပါတယ်။

Photo: globalnews.ca

         ကော်တန်ဟာ သူ့လုပ်ငန်းထဲက coin တွေကို cold wallet လို့ခေါ်တဲ့ အင်တာနက်နဲ့ချိတ်ဆက်မထားတဲ့ offline စနစ်နဲ့သိမ်းထားတာ ဖြစ်လို့ဟက်ကာတွေနဲ့လည်း ဝင်ယူလို့မရဘူးလို့ဆိုပါတယ်။ QuadrigaCX ရဲ့ လုပ်ငန်းထဲမှာ ဖောက်သည်ပေါင်း ၁၁၅၀၀၀ ရဲ့ အကောင့်တွေ ရှိပြီး ဒီလုပ်ငန်းထဲမှာ သူတို့ရဲ့ ငွေသားနဲ့cryptocurrency တွေ သိမ်းထားတာ ဖြစ်ပါတယ်။ QuadrigaCX ဟာ Nova Scotia ရုံးတော်မှာ ဒေဝါလီခံဖို့လျှောက်ထားပါတယ်။

Share

Loading Next Article...
က္က