Cryptocurrency ဘက် စိတ်ဝင်စားလာတာ မကြာသေးဘူးလို့လည်း ဆိုပါတယ်

Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ဟာ Cryptocurrency ဝယ်ပြီး ရင်းနှီးမြှပ်နှံထားတယ်လို့ ဆိုပါတယ်။ 

New York Times Dealbook ကွန်ဖရင့်မှာ Cryptocurrency ကို ငွေပေးချေရေးပုံစံအဖြစ် လက်ခံဖို့ စဉ်းစားထားလားလို့ မေးချိန်မှာ အခုလို ဖြေခဲ့တာပါ။ သူ့ရဲ့ ပုဂ္ဂလိကသဘောအရ Cryptocurrency မှာ ရင်းနှီးမြှပ်နှံထားတာ ဖြစ်ပြီး ကုမ္ပဏီအနေနဲ့ Cryptocurrency စိတ်ကူးကို အ‌လေးအနက်မထားသေးသလို Crypto နဲ့ ဆက်စပ်တဲ့ အရောင်းအဝယ်လုပ်ဖို့လည်း အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။ 



Photo: CNBC


"ရင်းနှီးမြှပ်နှံမှုမှာ ကာမိအောင်ဆိုပြီး Cryptocurrency ဝယ်ထားတာ သင့်လျော်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို ဒီနည်းနဲ့ ရင်းနှီးမြှပ်နှံပါလို့တော့ ကျွန်တော်အကြံမပေးပါဘူး" လို့ အန်ဒရူးရော့စ် ဆောကင်းနဲ့ အင်တာဗျူးတစ်ခုမှာ တင်မ်ကွတ်က ပြောပါတယ်။ 

တင်မ်ကွတ်ဟာ Cryptocurrency ပိုင်းကို တလောကမှ စပြီး စိတ်ဝင်စားလာတာ ဖြစ်ပြီး ဒီနယ်ပယ်နဲ့ပတ်သက်လို့ လေ့လာမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ Apple ကုမ္ပဏီအနေနဲ့တော့ ရင်းနှီးမြှပ်နှံမှုသဘော ကော်ပိုရိတ်ရံပုံငွေ သုံးပြီး Cryptocurrency ဝယ်ဖို့ မရှိဘူးလို့လည်း သူက ပြောထားပါတယ်။ "ကိုယ့်ပိုက်ဆံမဟုတ်လို့ ကုမ္ပဏီမှာ Crypto ဝယ်ပြီး မြှပ်နှံမှုမလုပ်တာ မဟုတ်ပါဘူး။ Crypto နဲ့ ထိတွေ့ဖို့ လူတွေက Apple Stock တွေ ဝယ်မယ်မထင်လို့ပါ "

တင်မ်ကွတ်စိတ်ဝင်စားနေတဲ့အထဲမှာ NFTs ‌တွေလည်း ပါဝင်နေပြီး ထဲထဲဝင်ဝင် ကျယ်ပြန့်လာမှ ဝယ်ဖို့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ တင်မ်ကွတ်ဟာ အဲ့ဒီအချိန်က ဒေါ်လာသန်း ၇၅၀ တန်တဲ့ Apple စတော့ရှယ်ယာအစု ၅ သန်း ရခဲ့သလို ၂၀၂၆ ခုနှစ်အထိ Apple stock အပိုချီးမြှင့်ငွေလည်း ရရှိမယ်လို့ ဆိုပါတယ်။ တင်မ်ကွတ်ကတော့ သူ့ပိုင်ငွေကြေး အားလုံးကို အလှူအတန်းလုပ်ဖို့ စီစဉ်ထားကြောင်း ပြောထားပါတယ်။  



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က