Apple ကို တပီပီ သွားလုပ်လိုက်တဲ့ အီလွန်မတ်စ်

Apple ရဲ့ ၁၉ ဒေါ်လာတန် မှန်သုတ်အဝတ်စ ဝယ်မယ့်အစား Cyberwhistle ခရာ ဝယ်ဖို့ အီလွန်မတ်စ်က Twitter ကနေ တည့်ဖဲ့လိုက်ပါတယ်။ 

Twitter ပေါ်မှာ မတ်စ်ပြန် Share ထားတဲ့ ထုတ်ကုန်စာမျက်နှာမှာ Tesla Cybertruck ကားဒီဇိုင်းသုံးထားပြီး စတိန်းလတ်စတီးနဲ့ ထုတ်ထားတဲ့ ခရာကို အလုံးရေအကန့်အသတ် Limited Editon နဲ့ ရောင်းသွားမယ်လို့ ဖော်ပြထားပါတယ်။



Photo: Business Insider


“Cybertruck ကနေ ဒီဇိုင်းယူထားတဲ့ Limited Edition Cyberwhistle ဟာ ဆေးဘက်သုံး စတိန်းလတ်စတီးကို ပြောင်လက်နေအောင် ပေါလစ်တိုက်ထားတဲ့ ပရီမီယံစုဆောင်းစရာပစ္စည်းတစ်ခုပါပဲ။ ဘက်စုံသုံးဖို့အတွက် ချိတ်လို့ရအောင်လည်း လုပ်ထားတယ်”လို့ အဲ့ဒီစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒေါ်လာ ၅၀ တန် ဒီပစ္စည်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ထွက်ခဲ့တဲ့ Apple ရဲ့ ၁၉ ဒေါ်လာတန် မှန်သုတ်အဝတ်စကို လှောင်ပြောင်တဲ့သဘောနဲ့ ထုတ်လိုက်တာပါ။ Apple Cloth ဖြန့်ချိတဲ့အချိန်တုန်းကလည်း မတ်စ်ဟာ Tweet နဲ့ ပြောင်လှောင်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ 

Twitter မှာ Follower ၆၂ သန်းကျော် ရှိတဲ့ မတ်စ်ရဲ့ Cyberwhistle ခရာကြော်ငြာ ထွက်လာပြီးနောက် ဒီထုတ်ကုန်ဟာ ပစ္စည်းပြတ်တဲ့အထိ အဝယ်လိုက်ကုန်တယ်လို့ ဆိုပါတယ်။ လာဘ်မြင်တဲ့ လက်လီပြန်ရောင်းသူတွေကတော့ Cyberwhistle ကို eBay ပေါ်မှာ ဒေါ်လာ ၂၂၅၀ (မြန်မာငွေ သိန်း ၄၀ ကျော်) ဈေးနဲ့ ပြန်ရောင်းနေကြပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က