ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့သူပါ။

ဘာစီလိုနာအသင်းကနေ သေချာပေါက်ထွက်ခွာဖို့ရှိနေတဲ့ ကော့တင်ဟိုကို ပရီးမီးယားလိဂ်အသင်းအများစုအပြ င် လက်ရှိအငှားစာချုပ်နဲ့ ကစားနေတဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားကော့တင်ဟိုအနေနဲ့ တံကောက်ကြောဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံရယူ ထားရတဲ့အခြေအနေကြောင့်အပြောင်းအရွှေ့ကာလအတွင်းခေါ်ယူလိုနေတဲ့ အသင်းတွေအကြား တုံ့ဆိုင်းမှုတွေရှိလာခဲ့တယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ကော့တင်ဟိုရဲ့ ဒဏ်ရာအခြေအနေက ရက်သတ္တပတ် ၂ပတ်ခန့်အနားယူပါက ပျောက်ကင်းနိုင်တယ်လို့ ဘိုင်ယ န်မြူးနစ်ဆေးအဖွဲ့က အတည်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာ အခြေအနေပိုဆိုးလာခဲ့တဲ့အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ ရပြီး အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရမယ့်အခြေအနေဖြစ်လာခဲ့တာပါ။



“ ညာဘက်ခြေကျင်းဝတ်ကို ခွဲစိတ်ကုသမှုခံယူခဲ့တာပါ။ ထင်မှတ်မထားဘဲပြင်းထန်ခဲ့လို့ လုပ်ဆောင်ခဲ့ရတာလ ည်းဖြစ်ပါတယ်။ ခွဲစိတ်မှုကတော့ ရာနှုန်းပြည့်အောင်မြင်ပါတယ်။ အနည်းဆုံး ၁၄ရက်လောက်အနားယူရဖို့ရှိသ လို ပုံမှန်အတိုင်းပြန်ကစားနိုင်ဖို့က တစ်လခွဲလောက်အနားယူရဖို့ရှိနေပါတယ် ” လို့ ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ တာဝန်ရှိသူက အတည်ပြုခဲ့ပါတယ်။

လက်ရှိမှာကော့တင်ဟိုကိုခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ်အသင်းအချို့ရှိနေခဲ့ပြီး ချဲလ်ဆီးအသင်းကလည်း တ ရားဝင်ကမ်းလှမ်းဖို့ရှိနေသလို လက်ရှိကစားသမားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း ဘာစီလိုနာအသင်း ဆီကနေ အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာပါ။

သတင်းဖော်ပြမှုတွေအရ ကော့တင်ဟိုရဲ့ ဒဏ်ရာအခြေအနေက ရက်သတ္တပတ် ၆ပတ်ခန့်အနားယူရဖို့ရှိနေလို့ တရားဝင်ကမ်းလှမ်းထားတဲ့အသင်းတွေအနေနဲ့ စောင့်ကြည့်မှုအချို့ပြုလုပ်ဖို့ရှိိနေပြီး ပြန်လည်သက်သာလာမှ သာ အပြောင်းအရွှေ့အတွက် ဆက်လက်ဆွေးနွေးဖို့ရှိနေတယ်လို့လည်း အေးဂျင့်ဖြစ်သူက အတည်ပြုပြောဆို ထားပြန်ပါတယ်။

Share

Loading Next Article...
က္က