မသန်ပေမယ့်လည်းသူတတ်စွမ်းတဲ့ပညာ နဲ့ လက်ရာမြောက်တဲ့ ပန်းချီကားတွေကို ဖန်တီးရေးဆွဲပြီးအသက်‌မွေး ၀မ်း‌ကျောင်း ပြုနေတဲ့ မသန်စွမ်းပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။

ပန်းချီ အမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ လက်ရာမြောက်လှတဲ့ ဓါးခြစ်ပန်းချီကားချပ်လေးတွေ ကို ခြေထောက်နဲ့ရေးဆွဲပြီးအသက်မွေး၀မ်းကျောင်းအ‌ဖြစ်ပြုလုပ်နေတာကတော့ မသန်စွမ်းတစ်ဦးဖြစ်တဲ့ ကိုတင့်ပဲ ဖြစ်ပါတယ်။ 

ပန်းချီစဆွဲဖြစ်ပုံက

ကိုတင့်က တောင်ကြီး မှာ‌ေနခဲ့တုန်းက တော့အလှဓါတ်ပုံရိုက်သူအလုပ်ကိုလုပ်ခဲ့တာဖြစ်ပြီးအလှူပွဲ ၊မွေးနေ့ ပွဲ‌ တွေမှာ ဓါတ်ပုံလိုက်ရိုက်ပေးတဲ့ အလုပ်ကို လုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ တောင်ကြီးကို အလည်လာတဲ့ ဖိလစ်ပိုင် သံအမတ်တစ်ဦး နဲ့အလုပ်လုပ်ရင်း သိကျွမ်းခွင့်ရခဲ့ပြီး သူကတစ်ဆင့် ရန်ကုန်မှာ ပန်းချီသင်တန်း ထားပေးခဲ့ရာမှ ပန်းချီပညာကို စတင်လေ့လာဖြစ်ခဲ့တာ လို့လည်းသိရပါတယ်။သင်တန်းတက်‌ေနတုန်းက‌ ပြခန်းနဲ့ပြရတဲ့ပန်းချီကားမျိုးတွေဆွဲဖြစ်ခဲ့သလို (၂၀၀၀)ခုနှစ်‌ေလာက်ကစပြီး ဓါးခြစ်ပန်းချီနဲ့ ပဲ အသက်မွေး၀မ်းကျောင်းစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သမာအာဇီ၀ကျတဲ့အလုပ်

ကိုတင့် ဟာ မသန်ပေမယ့်လည်း ကိုယ် တတ်စွမ်းတဲ့ ဒီ ဓားခြစ်ပန်းချီ ပညာလေးကို ကြိုးစားလေ့ကျင့်ခဲ့ပြီး ခြေထောက်ကိုအသုံးပြု ရေးဆွဲနေတာ ဖြစ်ပေမယ့် အခြားပန်းချီကား အမျိုးအစားတွေကိုလည်း လက်ရာမြောက်အောင် လည်း ရေးဆွဲနိုင်တယ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။နေ့စဉ်စား၀တ်နေရေး အဆင်ပြေစေဖို့ အတွက်ကို အခုလို ဆွဲရတာမြန်ပြီး လူတိုင်း ၀ယ်နိုင်တဲ့ဈေးနဲ့ရောင်းလို့အဆင်ပြေ‌တဲ့ ဒီဓားခြစ်ပန်းချီကားချပ်လေးတွေကို ဆွဲပြီးရောင်းဖြစ်တာပါ လို့လည်းကိုတင့်ကပြောပါတယ်။ “ ဒါလေးတွေကျတော့ နေ့တိုင်းရောင်းဖို့်အဆင်ပြေတယ်လေ။ ပြခန်းမှာပြတဲ့ပန်းချီကားချပ်တွေကြတော့ ဈေးလဲများသလို လူတိုင်းလည်း မ၀ယ်နိုင်ဘူးလေ။ ပုံမှန်ရောင်းရတာမဟုတ်ဘူးလေ။”လို့ ကိုတင့်က ပြောပြပါတယ်။မိုးလင်းမိုးချုပ် ပုံ၂၀လောက်ဆွဲနိုင်ပြီးပုံမှန်ကတော့ ၁၅ပုံလောက်ဆွဲဖြစ်ပါတယ်

ဓါးခြစ်ပန်းချီရေးဆွဲသူ ကိုတင့် ခံယူချက်က
သူပန်းချီထိုင်ဆွဲနေတာကိုကြည့်မိသွားရင်း မသန်စွမ်းတစ်ယောက်တောင် ဘဝကိုအရှုံးမပေးဘဲ ကြိုးစားနေပါလားဆိုပြီး အားတက်သွားစေချင်လို့ အခုလို လမ်းဘေးမှာ ပန်းချီဆွဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။မိသားစုအတွက် မသန်စွမ်းပေမယ့် စား၀တ်နေရေးအတွက် ဓါးခြစ်ပန်းချီအလုပ်နဲ့ အသက်မွေး၀မ်း‌ေကျာင်းပြုနေတဲ့ကိုတင့်ကလေးစားစရာကောင်းတဲ့သူတစ်ဦးဖြစ်ပါတယ်။
ဆိုင်လိပ်စာနဲ့ဈေးနှုန်းက

၁ပုံ-၂၀၀၀/၃ပုံ-၅၀၀၀နဲ့ရောင်းဖြစ်ပါတယ်။ကိုတင့်ရဲ့ပန်းချီလေးတွေအားပေချင်သူတွေအတွက်(၃၅)လမ်း(၃၆)လမ်းကြား မဟာဗန္ဓုလလမ်းမ‌ေပါ်က ၃၆လမ်းထိပ်မှာ ဆိုင်ခင်းတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က