အဝေးကွင်းမှာ ပဲလေ့စ်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းပိုင်ဆိုင်ထားတဲ့ အာဆင်နယ်ဟာ အဝေးကွင်းမှာ ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်သွားခဲ့လို့ နစ်နာခဲ့ရပါပြီ။ ပွဲချိန်အစောပိုင်းမှာကတည်းက ပဲလေ့စ်က အာဆင်နယ်ကို အနိုင်ဂိုးတွေသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ပင်နယ်တီကနေ ဇာဟာက နောက်တဂိုးသွင်းခဲ့ကာ အာတီတာရဲ့အသင်း ချေပဂိုးတောင်မရခဲ့ပါဘူး။

မန်စီးတီးကို ဒုက္ခပေးပြီးနောက်မှာ ဗီယာရာရဲ့ ပဲလေ့စ်က အာဆင်နယ်ကိုပါ မွှေနှောက်ပေးခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးနဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး ပွဲကျန်ကစားရဖို့ရှိနေတဲ့ အာဆင်နယ်တို့ အားသာချက်အကြီးကြီးပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ကွန်တီရဲ့ စပါးထက် တပွဲလျော့ကစားပြီးချိန်မှာ ရမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် ၅ နေရာမှာပဲ ရှိနေခဲ့ပါတယ်။ 

စပါးအတွက်တော့ အာဆင်နယ်ရဲ့ ရှုံးပွဲက တော်တ​ော်လေးကို ကျေနပ်စရာကောငး်ခဲ့ပြီး လက်ကျန်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတော့မှာဖြစ်ပါတယ်။ ဗီယာရာကတော့ ပဲလေ့စ်ကို အကောင်းဆုံးအနေအထားဖြစ်အောင် ကိုင်တွယ်ပေးနေပြီး ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သလို အဆိုပါပွဲတွေမှာ ပေးဂိုးကလည်း ၃ ဂိုးသာရှိနေခဲ့ပါတယ်။ 

အဲဗာတန်ကို ၄ ဂိုးပြတ်၊ အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့ နှစ်ပွဲဆက်တိုက် ကြီးမားတဲ့အောင်ပွဲတွေကိုလည်း ပဲလေ့စ်တို့ ရယူနိုင်ခဲ့ပါတယ်။ ဗီယာရာနဲ့ ပဲလေ့စ်က အတွဲအဖက်မိနေပြီး ကျစ်လစ်တောင့်တင်းတဲ့အသင်းတသင်းအဖြစ် တည်ဆောက်ထားနိုင်ခဲ့ကာ နောက်ဆုံးသောပွဲတွေမှာ သူတို့က ဖျက်မြင်းအသင်းတသင်းအနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က